Connect with us

Europe

ဗြိတိန်နိုင်ငံက ငွေကြေးအတုများအား ဟန့်တားရန် တစ်ပေါင်တန် အကြွေစေ့သစ်များထုတ်လုပ်မည်

အသစ်ထုတ်လုပ်မည့် တစ်ပေါင်တန် အကြွေစေ့သစ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ အစိုးရက တစ်ပေါင်တန် အကြွေစေ့သစ်များအား မတ်လအကုန်တွင် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း နှင့် လက်ရှိသုံးစွဲနေသည့် တစ်ပေါင်တန် အကြွေစေ့သစ်များအား အောက်တိုဘာလ မတိုင်ခင် ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁ရက်က ကြေညာခဲ့သည်။ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၏ ကြေညာချက်အရ ထောင့် ၁၂ထောင့် ပါသည့် တစ်ပေါင်တန် အကြွေစေ့သစ်သုံးစွဲမှုသည် မတ်လ ၂၈ရက်တွင် တရားဝင်ဖြစ်လာမည်ဖြစ်ပြီး ဝေးလ်ပြည်နယ်ရှိ Royal Mint အကြွေစေ့ထုတ်လုပ်ရေးတွင် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ထုတ်လုပ်မှု ပထမအသုတ် အတွင်း အကြွေစေ့သစ် စုစုပေါင်း ၁.၅ဘီလီယံ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ငွေကြေးစနစ်အတွင်း နှစ်ပေါင်း ၃၀ကြာ လည်ပတ်နေခဲ့သည့် လက်ရှိ တစ်ပေါင်တန် အကြွေစေ့နှင့် ပုံစံတူ အတုပြုလုပ်သူများအား ဟန့်တားရန်အတွက် ယခုလို အကြွေစေ့သစ်အား ထုတ်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

အကြွေစေ့သစ်သည် ထောင့် ၁၂ထောင့်ပါထူးဆန်းသည့် ပုံစံဖြစ်ပြီး ထိတွေ့ရုံဖြင့် တစ်ပေါင်တန် အကြွေစေ့ဖြစ်သည်ကို သိရှိနိုင်ကြောင်း၊ ၎င်းအား သတ္တုနှစ်မျိုးဖြင့် ပြုလုပ်ထားကြောင်း နှင့် အပြင်ဘက်အကွင်းသည် ရွှေရောင်ဖြစ်ပြီး အတွင်းဘက်အကွင်းသည် ငွေရောင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြွေစေ့သစ်တွင် ၁၉၅၂ခုနှစ်တွင် စတင်ထီးနန်းဆက်ခံခဲ့သည့် ကမ္ဘာ့ နန်းစံသက်အကြာဆုံး အဲလစ်ဇဘက်ဘုရင်မ II ပုံတူအား သွန်းလုပ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.