Connect with us

Europe

ရှစ်ကြိမ်မြောက် တရုတ်-ရှရှား အာဏာရပါတီများအကြား တွေ့ဆုံဆွေးနွေးရေးယန္တရား အစည်းအဝေးအတွက်  ရှီနှင့် ပူတင် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ဗီဒီယိုလင့်ခ်မှတစ်ဆင့်ပြုလုပ်သည့်  ရှစ်ကြိမ်မြောက် တရုတ်-ရှရှား အာဏာရပါတီများအကြား တွေ့ဆုံဆွေးနွေးရေးယန္တရား အစည်းအဝေးသို့  ဝမ်းမြောက်ကြောင်းသဝဏ်လွှာများကို အသီးသီး ပေးပို့ခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သည့် ရှီ က ဆွေးနွေးပွဲအတွက် နွေးထွေးစွာ ဝမ်းမြောက်ကြောင်းဖော်ပြခဲ့သည်။

၎င်းက ကပ်ရောဂါစတင်ဖြစ်ပွားချိန် ကတည်းက  တရုတ်နှင့်ရုရှားနိုင်ငံ သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထောက်ပံ့ကူညီခဲ့ကြသလို  အခက်အခဲများ ကျော်လွှားခြင်းနှင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်ရန် အတူတကွလုပ်ဆောင်ခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွင်မဟာဗျူဟာအသစ်များ ပေးဝေခဲ့သလို  နှစ်နိုင်ငံ ပြည်သူများအကြား လေးနက်သည့် ခင်မင်ရင်းနှီးမှုများ အပြည့်အဝ ဖော်ဆောင်လျက်ရှိခြင်းနှင့် ခေတ်သစ်တွင် တရုတ်-ရုရှား ဆက်ဆံရေး၏ အဆင့်မြင့်ခြင်းနှင့် ထူးခြားမှုများ ရောင်ပြန်ဟပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါသည် လူသားမျိုးနွယ်အား အေးအတူ၊ ပူအမျှအသိုက်အဝန်းတစ်ခုတွင် နေထိုင်လျက်ရှိကြောင်း ပြသနေပြီး နိုင်ငံများအားလုံးအနေဖြင့် စိန်ခေါ်မှုများကို အတူတကွ ညီညီညွတ်ညွတ် ရင်ဆိုင်ဖြေရှင်းရမည်ဟု ရှီက ထည့်သွင်းပြောခဲ့သည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အဓိကတာဝန်ရှိနိုင်ငံများနှင့် အမြဲတမ်းအဖွဲ့ဝင်များဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေးကို ဆက်လက်ခိုင်မာသွားစေသင့်ကြောင်း၊ အမျိုးမျိုးသော အန္တရာယ်များနှင့် စိန်ခေါ်မှုများကို ပူးတွဲတုံ့ပြန်ခြင်း၊ လွှမ်းမိုးမှုနှင့် တစ်ဖက်သတ်လုပ်ဆောင်မှုများကို ဆန့်ကျင်ခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်း၊ နိုင်ငံတကာ တရားမျှတမှုနှင့် တရားစီရင်မှုကို ကာကွယ်ခြင်း၊ လူသားမျိုးနွယ်အတွက် အေးအတူ၊ ပူအမျှအသိုက်အဝန်းတစ်ခု တည်ဆောက်မှု မြှင့်တင်ရေးတို့၌ ကြီးမားစွာ ထောက်ပံ့ကူညီမှုများလုပ်ဆောင်ရန် သမ္မတ ရှီက ပြောခဲ့သည်။ 

ထို့ပြင် သမ္မတရှီက တရုတ်-ရှရှား အာဏာရပါတီများအကြား ဆွေးနွေးမှုယန္တရားသည် နှစ်နိုင်ငံ မဟာဗျူဟာမြောက်ဆက်ဆံရေး နှင့်ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးကြီးသည့် ပလက်ဖောင်းတစ်ခုဖြစ်သလို  ဆက်သွယ်ရေးလမ်းကြောင်းလည်းဖြစ်သည်ဟု အလေးထားပြောဆိုခဲ့ပါသည်။

နှစ်နိုင်ငံ ပါတီနှစ်ရပ်၏ ကိုယ်စားလှယ်များသည် အစည်းအဝေး၏အနှစ်သာရအတိုင်း အပြည့်အဝ ဖလှယ်မှုနှင့် နက်ရှိုင်းသည့်ဆက်ဆံရေး ထားရှိသွားရန်နှင့် ခေတ်သစ်တွင်  တရုတ်-ရုရှား  ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာရေးအတွက် ၎င်းတို့၏ ဉာဏ်ပညာနှင့် ခွန်အားဖြင့် ထောက်ကူပေးရန် မျှော်လင့်ကြောင်း ရှီက ဆိုသည်။

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ကလည်း ရုရှား-တရုတ်ဆက်ဆံရေးသည် မကြုံစဖူးမြင့်မားသည့် အနေအထားရောက်ရှိပြီး နှစ်နိုင်ငံအကြားပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးနမူနာကိုလည်း ပြသခဲ့ကြောင်း၊  နှစ်နိုင်ငံအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့လုံး ဆိုင်ရာပြဿနာများ ဖြေရှင်းရန် ပူးပေါင်းအားထုတ်မှုများပြုလုပ်ခဲ့ကြကြောင်းနှင့် နိုင်ငံတကာ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ရန်အတွက် ပူးပေါင်းမြှင့်တင်ရန်လုပ်ဆောင်ခဲ့ကြသည်ဟု ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင်ဖော်ပြခဲ့သည်။

တရုတ်-ရှရှား အာဏာရပါတီများအကြား ဆွေးနွေးပွဲသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ အမြဲ အရေးပါသည့်အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ယူနိုက်တက်ရုရှားပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီ တို့သည် ပုံမှန်အတွေ့အကြုံဖလှယ်မှုများ၊ နယ်ပယ်များစွာတွင် ဘုံအကျိုးရှိသည့် ပူးပေါင်းဆောင်ရွက် မှုစီမံကိန်းများ အပြန်အလှန် မြှင့်တင်ခဲ့ကြောင်း၊ COVID-19 သက်ရောက်မှုများကို ကျော်လွှားလျက်ရှိပြီး အဝေးရောက်ဆက်သွယ်ရေး ပုံစံသစ်မှတစ်ဆင့် ဆက်စပ်သော ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်လျက်ရှိကြောင်း ပူတင်က ထည့်သွင်းပြောခဲ့သည်။  (Xinhua)