Connect with us

Europe

ပြင်သစ် နိုင်ငံတွင် အများပြည်သူနှင့်သက်ဆိုင်သော နေရာများရှိ အလုံပိတ်ခန်းများတွင်  နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန် အမိန့်ထုတ်ပြန် 

ပြင်သစ် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပြည်သူများ သွားလာလှုပ်ရှားနေမှုကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံရှိ အချို့ ဒေသများ ၌ COVID-19 ရောဂါ ကူးစက်မှု ပြန်လည် မြင့်တက်လာရာ အစိုးရ က ဇူလိုင် ၂၀ ရက် မှ စတင်၍ ပြည်သူများအနေဖြင့် အများပြည်သူနှင့်သက်ဆိုင်သောနေရာများရှိ  အလုံပိတ် အခန်းများ ၊ နေရာများတွင်  မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရန်  အမိန့်ကြေညာချက် တစ်ခုကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ 

ယင်းအမိန့်အရ ဇူလိုင် ၂၀ ရက် မှ စတင်၍ ပြင်သစ် နိုင်ငံ တွင် အသက် ၁၁ နှစ် အထက် ပြည်သူများအားလုံးသည် အများပြည်သူနှင့်သက်ဆိုင်သော နေရာများရှိ အလုံပိတ်အခန်းနေရာများတွင် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင် ရမည် ဖြစ်ကြောင်း ၊ အမိန့်ကြေညာချက်အား ဖောက်ဖျက်ပါက ဒဏ်ငွေ ၁၃၅ ယူရို ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ပြင်သစ် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပြည်သူများ သွားလာလှုပ်ရှားနေမှုကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပြည်သူများ သွားလာလှုပ်ရှားနေမှုကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပြည်သူများ သွားလာလှုပ်ရှားနေမှုကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပြည်သူများ သွားလာလှုပ်ရှားနေမှုကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပြည်သူများ သွားလာလှုပ်ရှားနေမှုကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ် နိုင်ငံ ကျန်းမာရေးဝန်ကြီး က ဇူလိုင် ၂၀ ရက်တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် လက်ရှိပြင်သစ် နိုင်ငံ တွင် ကပ်ရောဂါကူးစက်ပျံ့နှံ့စေသော  နေရာပေါင်း ၄၀၀ မှ ၅၀၀ အထိ ကျန်ရှိနေသေးကြောင်း ၊ အချို့ဒေသများ တွင် ကပ်ရောဂါ တစ်ဖန်ပြန်လည် ဖြစ်ပွားမည့် အခြေအနေ ရှိနေကြောင်း ၊ ယင်းအခြေအနေများကြောင့် ကူးစက်မှုအသစ်တစ်ဖန် ထပ်မံမဖြစ်ပေါ်စေရန်  မဖြစ်မနေ ဆောင်ရွက်ချက်များ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

ပြင်သစ် နိုင်ငံ ကျန်းမာရေးဌာန ၏ ဇူလိုင် ၂၀ ရက် ထုတ်ပြန်ကြေညာချက်အရ ပြင်သစ် နိုင်ငံ တွင် လူပေါင်း ၁၇၆,၇၅၄ ဦး COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး လက်ရှိတွင် ၆,၅၈၉ ဦး က ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်းနှင့် ၎င်းတို့အနက် ၄၆၇ ဦး မှာ အရေးပေါ်ကြပ်မတ်ဆောင်တွင် ကုသမှု ခံယူနေကြောင်း သိရသည်။  (Xinhua)