Connect with us

Europe

အစ္စတန်ဘူလ် ရှိ လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု အား အိမ်ဖြူတော် နှင့် ကုလသမဂ္ဂ က ပြစ်တင်ရှုတ်ချ

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် Ataturk လေဆိပ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ တာဝန် ထမ်းဆောင်နေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိမ်ဖြူတော် သည် အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့သော တူရကီနိုင်ငံ အစ္စတန်ဘူလမြို့ ရှိ Ataturk လေဆိပ် ဗုံးပေါက်ကွဲမှု အား ဇွန်လ ၂၈ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ Ataturk နိုင်ငံတကာ လေဆိပ်သည် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် တိုက်ခိုက် ခံခဲ့ရသည့် ဘရပ်ဆဲလ် လေဆိပ် နှင့် ဖြစ်ရပ်ချင်း တူညီပြီး Ataturk နိုင်ငံတကာ လေဆိပ်သည် နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် နိုင်ငံတကာ ဆက်သွယ်ရေးကို ကိုယ်စားပြုသည့် သင်္ကေတ တစ်ခု ဖြစ်ကြောင်းနှင့် အမေရိကန် နိုင်ငံသည် တူရကီနိုင်ငံ နှင့် ကမ္ဘာပေါ်ရှိ အခြား မဟာမိတ်နိုင်ငံများအတွက် အမြဲမပြတ် ထောက်ပံ့ ပေးနေမည် ဖြစ်ကြောင်း ပါရှိသည်။
တစ်ချိန်တည်းမှာပင် အမေရိကန် ဖယ်ဒရယ် လေကြောင်းဦးစီးဋ္ဌာန သည် ဇွန်လ ၂၈ ရက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံ နှင့် အစ္စတန်ဘူလ်မြို့ ကြား လေယာဉ်ပျံသန်းမှု များအား ရပ်ဆိုင်း ထားခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အစ္စတန်ဘူလ် လေဆိပ် တိုက်ခိုက်မှု အား ဇွန်လ ၂၈ ရက် က ပြစ်တင် ရှုတ်ချခဲ့ကြောင်းသိရသည်။
အထွေထွေ အတွင်းရေးမှူးချုပ် အနေဖြင့် အကြမ်းဖက်မှု ကျူးလွန်သူများ သည် မည်သူ ဖြစ်ကြောင်း စုံစမ်းနိုင်ပြီး တရားရုံးသို့ အမြန်ဆုံး ခေါ်ဆောင်လာနိုင်ရန် မျှော်လင့်ပါကြောင်း ဘန်၏ ပြောရေးဆိုခွင့် ရှိသူက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အကြမ်းဖက်သမား တစ်ဦးသည် လေဆိပ်ထွက်ခွာ ခန်းမ၌ မြင်မြင်သမျှအား ရိုင်ဖယ်သေနတ်ဖြင့် လှည့်ပတ် ပစ်ခတ်ခဲ့ကာ မိမိကိုယ်ကို အသေခံ ဗုံးဖောက်ခွဲခဲ့ပြီးနောက် အခြားအသေခံ ဗုံးခွဲသမား သုံးဦးသည်လည်း လေဆိပ် ဆိုက်ရောက်ခန်းမ၌ အသေခံ ဗုံးဖောက်ခွဲခဲ့ကြောင်း မျက်မြင်သက်သေများ နှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Ataturk အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ဇွန်လ ၂၈ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု နှစ်ခုတွင် အနည်းဆုံး လူ ၃၆ ဦး သေဆုံးပြီး ရာကျော် ဒဏ်ရာရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.