Connect with us

Europe

အီတလီမြောက်ပိုင်းတွင် ရေခဲတောင် ပြိုကျမှုကြောင့် လူ ၆ ဦး သေဆုံး

ရေခဲတောင် ပြိုကျမှုတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- အင်တာနက်)

မီလန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ မြောက်ပိုင်းဒေသ ထရန်တီနို အယ်လ်တို အာဒ်ချ်၌ မတ်လ ၁၂ ရက်က ရေခဲတောင် ပြိုကျမှု ကြောင့် နှင်းလျှောစီးသူ အနည်းဆုံး ၆ ဦး သေဆုံးပြီး ပျောက်ဆုံးသူ အရေအတွက်မှာမူ မသိရသေးကြောင်း ဒေသခံ မီဒီယာများက သတင်းဖော်ပြထားသည်။

သတင်းများအရ တောင်ပေါ်မှ ပြိုကျလာသည့် ကြီးမားလှသော ရေခဲထုကြီးကြောင့် နှင်းလျှောစီးသူ ၁၂ ဦးပါ အဖွဲ့တစ်ဖွဲ့မှာ ရေခဲထုများအောက် နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။နောက်ထပ်ပျောက်ဆုံးသူအချို့လည်း ကျန်ရှိနေနိုင်ကြောင်း ကယ်ဆယ်ရေးသမားများ၏ ပြောကြားချက်အား ကိုးကား၍ ANAS သတင်း အေဂျင်စီက ဖော်ပြထားသည်။

ယင်း ဖြစ်စဉ်မှာ အီတလီနှင့် သြစတြေးလျနိုင်ငံ နယ်စပ် အနီးရှိ မီတာ ၃,၀၀၀ ခန့် အမြင့်ရှိသည့် နှင်းတောင် (Mount Snow) မှ ရေခဲများ ပြိုကျခြင်းဖြစ်ပြီး သေဆုံးသူများ ပါဝင်သည့် အဖွဲ့မှာ ယင်းတောင်ထိပ်သို့ ရောက်ရှိရန် ကြိုးစားခဲ့သူများ ဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများ၊ အနံ့ခံခွေးများဖြင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအား ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး ယင်းမတော်တဆမှု ဖြစ်ပွားခဲ့သည့် တောင်မှာ အလွန်မြင့်မားသောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းမှာ အလွန်အမင်း ခက်ခဲသလို အမြင့် မီတာ ၃,၀၀၀ အထက်ကို ရဟတ်ယာဉ် ရောက်ရှိရန် အခက်အခဲ ရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် Rafael Kostner ၏ ပြောစကားအား ကိုးကား၍ La Stampa သတင်းစာ၌ ဖော်ပြထားသည်။

အပူချိန် မြင့်မားလာသည့်အတွက် ရေခဲတောင်ပြိုကျမှုများနှင့် ဆီးနှင်းကျဆင်းခြင်း စသည့် အန္တရာယ်များ ဖြစ်လာနိုင်ကြောင်း နှင်းလျှောစီးသူများနှင့် တောင်တက်သမားများအား အီတလီနိုင်ငံရှိ ကျွမ်းကျင်သူများက အထပ်ထပ် သတိပေးထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.