Connect with us

Europe

ဒုက္ခသည်အရေး အတွက် ဆောင်ရွက်ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးသံတမန် အင်ဂျလီနာ ဂျိုလီ ဂရိ ရောက်ရှိ

UNHCR ၏ အထူးသံတမန် အင်ဂျလီနာ ဂျိုလီ Piraeus ဆိပ်ကမ်းရှိ ယာယီ ဒုက္ခသည် စခန်းသို့ ရောက်ရှိစဉ် (ဆင်ဟွာ)

အေသင်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ဟောလိဝုဒ် မင်းသမီးလည်း ဖြစ်၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အထူးသံ တမန်လည်း ဖြစ်သူ အင်ဂျလီနာ ဂျိုလီပစ်သည် လွန်ခဲ့သောလအတွင်း ဂရိနိုင်ငံ၌ သောင်တင်နေခဲ့သည့် ဒုက္ခသည်နှင့် ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာ အရေး အလေးထား ဆောင်ရွက်ရန် ဂရိနိုင်ငံသို့ မတ်လ ၁၆ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

ဂျိုလီက အေသင်နှင့် Piraeus ဆိပ်ကမ်းရှိ ဒုက္ခသည် စခန်းများတွင် ယာယီတဲများဖြင့် နေထိုင်လျက်ရှိသော ဒုက္ခသည် ၄,၀၀၀ ခန့်ထံသို့ သွားရောက်ခဲ့ပြီးနောက် ဂရိဝန်ကြီးချုပ် အဲလက်ဆီ စီးပရက်စ်နှင့် ၎င်း၏ ရုံးခန်း၌ တွေ့ဆုံဆွေး နွေးခဲ့သည်။

ဥရောပ အလယ်ပိုင်းသို့ သွားရောက်ရာ ဘော်လ်ကန် လမ်းကြောင်းရှိ နယ်စပ် တလျှောက်အား သြစတြီးယားနှင့် ဘော်လ်ကန် နိုင်ငံများက ပိတ်ထားလိုက်ပြီးနောက် ဒုက္ခသည် ၄၄,၀၀၀ ခန့်မှာ ဂရိနိုင်ငံတွင် ပိတ်မိနေခြင်း ဖြစ်ကြောင်း ဂရိအစိုးရ၏ နောက်ဆုံး တွက်ချက်ထားသည့် စာရင်းအရ သိရသည်။

ဂရိနှင့် မက်ဆီဒိုနီးယား အကြားရှိ Idomeni နယ်စပ်တွင် ဖြစ်သလို ယာယီတဲများဖြင့် နေထိုင်နေရသည့် ဒုက္ခ သည် ၁၄,၀၀၀ မှာ အစားအစာနှင့် ဆေးဝါးများ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။ ဒုက္ခသည်များ သည် ဥရောပ အလယ်ပိုင်းနှင့် မြောက်ပိုင်းသို့ ခရီးဆက်နိုင်ရန် နယ်စပ်များအား မကြာမီ ဖွင့်ပေးမည်ဟူသော မျှော်လင့်ချက်များဖြင့် နယ်စပ်များအနီး နေထိုင်နေကြသူများ ဖြစ်သည်။

ယိုယွင်းနေသည့် လူသားချင်း စာနာထောက်ထားမှု အခြေအနေများအတွက် UNHCR နှင့် ဂရိအစိုးရများမှ အရေးပေါ်တုံ့ပြန်မှုများ လုပ်ဆောင်နိုင်ရန် ၎င်းအနေဖြင့် ဤနေရာ၌ ရောက်ရှိနေခြင်း ဖြစ်ကြောင်း အင်ဂျလီနာ ဂျိုလီက UNHCR သတင်းထုတ်ပြန်ချက်၌ ပြောသည်။

ဒုက္ခသည်များအား ထောက်ပံ့ရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၌ ဂရိနိုင်ငံအား UNHCR မှ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းနှင့် ခိုလှုံခွင့် လုပ်ငန်းစဉ်များ ခိုင်မာရေး၊ နိုင်ငံတကာမှ အကာအကွယ်နှင့် ဒုက္ခသည်ဆိုင်ရာ ဥပဒေ စံနှုန်းများ ထိန်းသိမ်းခြင်းနှင့် ဥရောပသမဂ္ဂ၏ ဒုက္ခသည်များ ခွဲဝေလက်ခံရေး အစီအစဉ်အား အကောင်အထည်ဖော်ရေး စသည်များအား ဂျိုလီက ထပ်လောင်းပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.