Connect with us

Europe

ပဲရစ်မြို့ ၏ ဆင်ခြေဖုံးတွင် ဘတ်စ်ကားမတော်တဆဖြစ်ပွားမှုများ များပြားလျက်ရှိ

ပဲရစ်မြို့တွင် ဘတ်စ်ကားတစ်စီးတိုက်မိပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ပဲရစ် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့၏ အနောက်မြောက်ဘက်Val-de-Marne ရပ်ကွက် တွင် ဧပြီလ ၄ ရက်နေ့ က ဘတ်စ်ကားမထိန်းချုပ်နိုင် ဖြစ်၍ ဖြတ်သန်းသွားလာနေသူ များ ကိုဝင်တိုက်မိရာ ယာဉ်မောင်း အပါအဝင်လူ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဒီယိုသတင်းတွင်ကြေညာခဲ့သည်။

ယာဉ်မောင်းအနေဖြင့် ဂီယာအုံပျက်စီးသွားသည့်အတွက် မော်တော်ယာဉ်အား ထိန်းချုပ်နိုင်ခြင်းမရှိဟုယူဆရကြောင်း၊ ၎င်းနောက် မော်တော်Gare a Sucy-en-Brie ဘတ်စ်ကားဂိတ်တွင် ရပ်နေသူများအား Situs Transdev ဘတ်စ်ကားမှ ဝင်တိုက်မိကြောင်း မြို့တော်ဝန်၏ ပြောကြားချက်အားရေဒီယိုတွင်ကြေညာခဲ့သည်။

ထိခိုက်ဒဏ်ရာရသည့် လူ၁၂ ဦးတွင် ၃ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။

ဒေသအာဏာပိုင်များ မှ တွစ်တာတွင် ဘတ်စ်ကားမတော်တဆမှုများဖြစ်ပွားရာတွင် လူ၁၂ ဦးဒဏ်ရာရရှိခဲ့ပြီး သုံးဦးကိုရဟတ်ယာဉ်နှင့်ကယ်ဆယ်ခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရသူ အားလုံးအရွယ်ရောက်ပြီး သူများဖြစ်ကြောင်း၊ ရေးသားခဲ့သည်။

ယာဉ်မောင်းသည် အရက်နှင့် မူးယစ်ဆေးသုံးစွဲမှုမရှိကြောင်း ၎င်းတို့မှ ဖြည့်စွက်ပြောကြားခဲ့သည်။ ရှေ့ဆက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.