Connect with us

Europe

တရုတ်ဝန်ကြီးချုပ် ASEM ထိပ်သီးညီလာခံတက်ရောက်ရန် ဘယ်လ်ဂျီယံသို့ အလုပ်သဘောခရီးစဉ် ရောက်ရှိ

ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်အားတွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် အောက်တိုဘာ ၁၆ ရက်တွင် အလုပ်သဘောခရီးစဉ်အဖြစ် ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိလာပြီး ၁၂ကြိမ်မြောက် အာရှ-ဥရောပ တွေ့ဆုံမှု (ASEM) ထိပ်သီးညီလာခံအား တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

လီ၏ ခရီးစဉ်အတွင်း ၎င်းသည် ဘယ်လ်ဂျီယံဝန်ကြီးချုပ် Charles Michel နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုလည်းပြုလုပ်သွားမည်ဖြစ်ကာ နှစ်ဖက် သဘောတူညီချက် စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးရာတွင် အသိသက်သေများအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်သည် လေးနှစ်တာကာလအတွင်း ဝန်ကြီးချုပ်အဖြစ် ဘယ်လ်ဂျီယံနိုင်ငံသို့ သုံးကြိမ်မြောက် ရောက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

ASEM ထိပ်သီးညီလာခံ၌ လီသည် နိုင်ငံပေါင်းစုံချစ်ကြည်ရေး ရေရှည်တည်တံ့ရန် ချိတ်ဆက်ဆောင်ရွက်မှု၊ ပွင့်လင်းသည့် ကမ္ဘာ့စီးပွားရေးပုံစံတစ်ခုကို တည်ဆောက်ခြင်း နှင့် တိုက်ကြီး နှစ်တိုက်အကြား ပြည်သူအချင်းချင်းဖလှယ်မှုတို့နှင့် ပတ်သက်၍ အာရှ၊ ဥရောပ မှ ခေါင်းဆောင်များ နှင့် အတူ အမြင်များနက်ရှိုင်းစွာ ဖလှယ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ယခုခရီးစဉ်သည် အောက်တိုဘာ ၁၁ရက်မှ ၁၉ ရက်အထိ ကြာမြင့်မည့် လီ၏ အာရှဥရောပ ခရီးစဉ် ၏ တတိယမြောက် နိုင်ငံဖြစ်ကြောင်း သိရသည်။ ၎င်းသည် နယ်သာလန်နိုင်ငံ နှင့် တာဂျစ်ကစ္စတန်နိုင်ငံများသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး တာဂျစ်ကစ္စတန် မြို့တော် ဒူရှန်ဘီမြို့တွင် ပြုလုပ်ခဲ့သော ၁၇ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း အစိုးရခေါင်းဆောင်များ ကောင်စီ အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.