Connect with us

Europe

ရုရှားနိုင်ငံဘဏ္ဍာရေးစနစ် ဆိုက်ဘာတိုက်ခိုက်ခံရနိုင်ကြောင်း ရုရှားလုံခြုံရေးအေဂျင်စီသတိပေး

ဆိုက်ဘာတိုက်ခိုက်မှု သရုပ်ပြပုံတစ်ခုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံပြည်ထောင်စု လုံခြုံရေးအဖွဲ့(FSB) က ရုရှားနိုင်ငံ၏ ဘဏ္ဍာရေးစနစ်ကို နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့များက ဒီဇင်ဘာလ (၅) ရက်နေ့မှ စတင်၍ ဆိုက်ဘာတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်ရန် ကြိုးပမ်းနေသည့်ဆိုသည့် အချက်အလက်များကို လက်ခံရရှိခဲ့ကြောင်း ရုရှားနိုင်ငံပြည်ထောင်စု လုံခြုံရေးအဖွဲ့(FSB) က ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ဒီဆိုက်ဘာတိုက်ခိုက်မှုမှာ လှုံ့ဆော်တဲ့မက်ချေ့်ပေးပို့မှုအများအပြား ပါဝင်နေတယ်လို့ယူဆရတယ် ။ ရုရှားနိုင်ငံရဲ့ ခရက်ဒစ်ကပ် အသုံးပြုမှု နဲ့ဘဏ္ဍာရေး စနစ် အကြပ်အတည်းဖြစ်အောင် ၊ ဒေသတွင်းဘဏ်တွေ နဲ့ပြည်ထောင်စု ဘဏ်တွေကို လိုင်စင်ဖျက်သိမ်းအောင် နဲ့ဒေဝါလီခံရအောင်

လူမှုကွန်ရက်ကတဆင့် မက်ချေ့်ပေးပို့ ဖြန့်ဝေမှုတွေလုပ်နေတယ် ” ဟု FSB က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို နယ်သာလန်နိုင်ငံ၌ တည်ရှိနေသော ကွန်ပြူတာဆာဗာများ နှင့် ယူကရိန်း Blazing Fast ကုမ္ပဏီက ဆာဗာများမှ တဆင့် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း FSB က ပြောကြားခဲ့သည်။

FSB အနေဖြင့်လည်း ရုရှားနိုင်ငံ၏ သတင်းအချက်အလက်လုံခြုံရေး နှင့် စီးပွားရေးအပေါ် ခြိမ်းခြောက်မှုများကို ဖြေရှင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရုရှားနိုင်ငံ ဗဟိုဘဏ်က တိုက်ခိုက်မှုများကို ဖြစ်နိုင်သမျှကြိုတင်ကာကွယ် သွားရန် ထောက်ခံမှုပေးထားကြောင်း သိရသည်။ စွပ်စွဲချက်များနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံရော ယူကရိန်းနိုင်ငံကပါ မည်သည့် တုံ့ပြန်ချက်မှ ပြုလုပ်ခဲ့ခြင်း မရှိပေ။(Xinhua)