Connect with us

Europe

နိုင်ငံတကာအကြမ်းဖက်ဝါဒမှာ ၂၁ ရာစု ရင်ဆိုင်နေရသည့် အဆိုးရွားဆုံးသော လုံခြုံရေး ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟု ပူတင် ပြောကြား

ရုရှား အရေးပေါ်ရေးရာဌာနက မတ် ၂၃ ရက်တွင်ထုတ်ပြန်သည့် ဗီဒီယိုရုပ်ပုံ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားသော အချင်းဖြစ်နေရာတွင် ကူညီကယ်ဆယ်ရေးသမားများအား တွေ့ရစဉ် (ဆင်ဟွာ)

စိန့်ပီတာဘာ့ခ်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံတကာအကြမ်းဖက်ဝါဒမှာ ၂၁ ရာစု ရင်ဆိုင်နေရသည့် အဆိုးရွားဆုံးသော လုံခြုံရေး ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟု ရုရှားသမ္မတ ပူတင်က ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ကမ္ဘာ့နေရာအသီးသီးတွင် အကြမ်းဖက်တိုက်ခိုက်မှု၏ ရည်ရွယ်ချက်မှာ အချုပ်အခြာအာဏာပိုင်နိုင်ငံ၏ တည်ငြိမ်ရေးကို ဖျက်ဆီးရန်၊ အခြေခံဥပဒေ အခြေခံကို ဖျက်ဆီးရန်၊ နိုင်ငံအချင်းချင်းနှင့် ယုံကြည်ကိုးကွယ်သည့်ဘာသာအချင်းချင်း အမုန်းပွားအောင် လှုံဆော်ရန် ဖြစ်ကြောင်း ယင်းနေ့၌ ကျင်းပသည့် ၁၂ ကြိမ်မြောက် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ နိုင်ငံတကာ အစည်းအဝေးတွင် ပူတင် ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့သည်။ ထိုအကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် အစွန်းရောက်အဖွဲ့အစည်းများသာမက အချို့နိုင်ငံများ၏ထောက်လှမ်းရေးအေဂျင်စီများ ပါရှိကြောင်း ၎င်းက ဆိုသည်။

 

အကြမ်းဖက်သမားများ၏ လုပ်ရပ်များမှာ ပိုမို ရှုပ်ထွေးပြီး ရက်စက်ကြမ်းကြုတ်လာကြောင်း ၊ မတ် ၂၂ ရက်က မော်စကို ဆင်ခြေဖုန်း၌ ဖြစ်ပွားသည့် အကြမ်းဖက်မှုတိုက်ခိုက်မှုက ယင်းဖြစ်ရပ်ကို ထပ်မံ သက်သေပြုခြင်း ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုအသေးစိတ်ကို ရုရှား ထောက်လှမ်းရေးအေဂျင်စီနှင့် ဥပဒေကာကွယ်ရေးအေဂျင်စီများက လေ့လာလျက်ရှိပြီး စီစဉ်သူ၊ ထောက်ပံ့အားပေးသူ၊ ဦးစီးဆောင်ရွက်သူများအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှု၌ ပါဝင်သူအားလုံးကို ဖော်ထုတ်သွားမည် ဖြစ်ရာ မည်သူမျှ ပြစ်ဒဏ်က ပြေးလွတ်မည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………..

普京:国际恐怖主义仍然是21世纪最严重的安全威胁之一
新华社圣彼得堡4月24日电(记者安晓萌)俄罗斯总统普京24日表示,国际恐怖主义仍然是21世纪最严重的安全威胁之一。
普京当天在向第十二届安全事务高级代表国际会议发表视频致辞时说,世界各地恐怖袭击的目的是为了破坏主权国家稳定、破坏其宪法基础、煽动国家间和宗教间仇恨。这些恐怖袭击背后不仅有极端组织,还有部分国家的情报机构。
普京说,恐怖分子的手段越来越复杂和野蛮,3月22日发生在莫斯科郊区的恐怖袭击再次证明这一点。他表示,俄罗斯情报和护法机构仍在研究这次恐怖袭击的所有细节,确认包括策划者、赞助者和组织者在内的恐怖袭击的所有参与者,任何人都逃脱不了惩罚。
1. 这张俄罗斯紧急情况部3月23日发布的视频截图显示,救援人员在现场工作。