Connect with us

International Organizations

ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ပါရီ သဘောတူညီမှုကို တရုတ်နိုင်ငံက လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်၌ ပြုလုပ်သည့် ပါရီ သဘောတူညီမှု လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောင်လီ (Zhang Gaoli) မိန့်ခွန်း ပြောကြားနေစဉ် ( ဆင်ဟွာ )

ကုလသမဂ္ဂ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးနိုင်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်း ပါဝင်လာစေရန် တွန်းအားပေးမှု တစ်ရပ်အနေဖြင့် တရုတ်နိုင်ငံသည် ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ပါရီ သဘောတူညီမှု စာချုပ်ကို ဧပြီလ ၂၂ ရက်က လက်မှတ် ရေးထိုး လိုက်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူး ကိုယ်စားလှယ် အဖြစ် တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောင်လီ (Zhang Gaoli) သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့တက်ရောက်ကာ ပဲရစ် သဘော တူညီမှုစာချုပ် လက်မှတ် ရေးထိုးရခြင်းနှင့် ပတ်သက်ပြီး မိန့်ခွန်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို တရုတ်ပြည်သူ တွေက ဂုဏ်ယူ နေပါတယ်။ ပါရီ သဘောတူညီမှု ကို အကောင်အထည် ဖော်နိုင်ဖို့အလေးအနက်ထား ကြိုးစား ဆောင်ရွက်သွားမှာပါ” ဟု Zhang က လက်မှတ် မရေးထိုးမီ မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

ညီလာခံ ဖွင့်ပွဲနေ့တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၅ နိုင်ငံမှ သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ကြပြီး ကုလသမဂ္ဂ၏ နှစ်ပေါင်း ၇ဝ ကြာသမိုင်းကြောင်း တစ်လျှောက်တွင် အဖွဲ့ဝင် နိုင်ငံ အများဆုံး ပါဝင် လက်မှတ်ရေးထိုးသည့် စာချုပ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါ လက်မှတ် ရေးထိုးခြင်း အစီအစဉ်သည် ၂ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး တရုတ်နိုင်ငံက အမှတ်စဉ် ၂၁ တွင် လက်မှတ် ရေးထိုးခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အခမ်းနားသို့တက်ရောက်လာကြသော ကမ္ဘာ့ ခေါင်းဆောင်များ နှင့် အစိုးရ ကိုယ်စားလှယ်များအား “ဒီနေ့လူကြီးမင်းတို့ရေးထိုးလိုက်တဲ့ လက်မှတ်ဟာ ကမ္ဘာကြီးရဲ့ အနာဂတ် အတွက်ပါပဲ ” ဟု ချီးကျူးစကား ဆိုခဲ့သည်။

ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ပါရီ သဘောတူညီမှု စာချုပ်၏ အရေးပါမှုကို မီးမောင်းထိုးပြရန် ရည်ရွယ်ပြီး အခမ်းအနားကို ကမ္ဘာမြေနေ့ဖြစ်သော ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပ ခြင်းခဲ့ခြင်း ဖြစ်သည်။

ကာဗွန် ထုတ်လုပ်မှု တိုးမြင့်လာခြင်းကြောင့် ကမ္ဘာ့ အပူချိန် မြင့်တက်လာခြင်း ပြဿနာကို အဖြေရှာနိုင်ရန ်အတွက် ကုလသမဂ္ဂအဖွဲ့ကြီးမှ ကြီးမှူး၍ ပြင်သစ်နိုင်ငံ ပါရီမြို့၌ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ရက်သတ္တပတ် ၂ ပတ်ကြာ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ရာသီဥတု ဆိုင်ရာ အဖွဲ့အစည်း ၁၉၆ ဖွဲ့တက်ရောက် ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံ အနေဖြင့် ပြဿနာရပ် အတော်များများကို ဖြေရှင်းရာတွင် အကူအညီ ပေးခဲ့ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
ကမ္ဘာ့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းရှိသည့် နိုင်ငံပေါင်း ၅၅ နိုင်ငံသည် ပါရီသဘောတူညီမှုကို လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.