Connect with us

Latin America

တောင်အမေရိကတိုက် နိုင်ငံများ သမဂ္ဂအဖွဲ့မှ နုတ်ထွက်မည်ကြောင်း ဘရာဇီး ကြေညာ

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ မြင်ကွင်းအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

ဘရာဇီးလီးယား၊ ဧပြီ ၁၆ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံသည် တောင်အမေရိကတိုက် နိုင်ငံများသမဂ္ဂအဖွဲ့မှ တရားဝင်နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဘရာဇီးနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၁၅ ရက်တွင် ကြေညာခဲ့သည်။

၂၀၁၈ခုနှစ် ဧပြီလတွင် ဘရာဇီး ၊ အာဂျင်တီးနား ၊ ချီလီ ၊ ကိုလံဘီယာ ၊ ပါရာဂွေး ၊ ပီးရူးနိုင်ငံ ၆နိုင်ငံက တောင်အမေရိကတိုက် နိုင်ငံများ သမဂ္ဂအဖွဲ့၏ လှုပ်ရှားမှုများတွင် ခေတ္တရပ်နားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ၊အဖွဲ့အစည်းအတွင်း အကျပ်အတည်းများက ရေရှည်ရှိနေရာ ယနေ့အထိ ပြောင်းလဲမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုနှစ် မတ်လ ၂၂ ရက်တွင် ဘရာဇီး၊ အာဂျင်တီးနား ၊ ချီလီ ၊ ကိုလံဘီယာ၊ အီကွေဒေါ ၊ ဂူယာနာ၊ ပါရာဂွေး၊ ပီရူးစသည့် နိုင်ငံ ၈ နိုင်ငံက ကြေညာချက်လက်မှတ်ရေးထိုးခဲ့ပြီး တောင်အမေရိကတိုက် နိုင်ငံများ သမဂ္ဂအဖွဲ့ကို အစားထိုးရန် တောင်အမေရိကတိုးတက်ရေးဖိုရမ်ပြုလုပ်ရန် ကြေညာခဲ့ကြောင်း ၊ ဖိုရမ်သစ်သည် စည်းမျဉ်းစည်းကမ်းများမှာ ရှင်းလင်းပြတ်သား၍ မူဝါဒချမှတ်ရာတွင် လျှင်မြန်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

တောင်အမေရိကတိုက် နိုင်ငံများ သမဂ္ဂအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်ရာထူးမှာ၂၀၁၇ ခုနှစ်မှစ၍ လစ်လပ်လျက်ရှိရာ သမဂ္ဂအဖွဲ့၏လုပ်ငန်းဆောင်ရွက်မှုများမှာ အခက်အခဲများဖြစ်လျက်ရှိကြောင်း သိရသည်။

ဧပြီ ၁၅ ရက်တွင် သမဂ္ဂအဖွဲ့၏အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် ဘိုလီးဗီးယားနိုင်ငံမှ ဘရာဇီးနိုင်ငံကိုလွှဲပြောင်းကြောင်း ကြေညာခဲ့သော်လည်း ဘရာဇီးက အဖွဲ့မှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ထိုမတိုင်မီကလည်း ကိုလံဘီယာ၊ ပီရူး၊ အီကွေဒေါ၊ပါရာဂွေး၊ အာဂျင်တီးနား နိုင်ငံများက တောင်အာဖရိက သမဂ္ဂအဖွဲ့မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

တောင်အာဖရိကတိုက် နိုင်ငံများ သမဂ္ဂအဖွဲ့သည် ၂၀၀၈ ခုနှစ် မေလတွင် တည်ထောင်ခဲ့ခြင်းဖြစ် ကြောင်း ၊ အဖွဲ့ဝင်နိုင်ငံများမှာ အာဂျင်တီးနား ၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ ကိုလံဘီယာ၊ ချီလီ၊ အီကွေဒေါ၊ ဂူယာနာ၊ ပါရာဂွေး၊ ပီရူး ၊ဆူရီနမ်၊ ဥရုဂွေးနှင့် ဗင်နီဇွဲလား နိုင်ငံ ၁၂ နိုင်ငံပါဝင်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117