Connect with us

Latin America

ဘရာဇီး အကျဉ်းသား ၂,၀၀၀ ကျော် ခရစ္စမတ်နေ့ ခေတ္တ အပြင်ထွက်ခွာခွင့် ပေးပြီးနောက် ထောင်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိ

ဘရာဇီးနိုင်ငံ အကျဉ်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယို ဒီ ဂျန်နိုင်ရို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဘရာဇီး အကျဉ်းသား စုစုပေါင်း ၂,၂၄၉ ယောက်သည် နှစ်သစ်ကူး ပွဲတော်များတွင် ဆင်နွှဲနိုင်ရန် အတွက် အာမခံဖြင့် ခေတ္တအပြင် ထွက်ခွာခွင့် ပေးပြီးနောက် အကျဉ်းထောင်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိကြောင်း ဇန်နဝါရီလ ၁၁ ရက်တွင် အွန်လိုင်း မီဒီယာ G1 ၏ ဖော်ပြချက်အရ သိရသည်။

အကျဉ်းသား ၅၂,၅၇၅ ဦး အား ခရစ္စမတ် နှင့် နှစ်သစ်ကူး ပွဲတော် ဆင်နွှဲနိုင်ရန် အတွက် အာမခံဖြင့် အပြင် ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် ၄.၂၈ ရာခိုင်နှုန်းသည် အကျဉ်းထောင်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်များကို ကိုးကား၍ G1 ကပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်ကုန် ပွဲတော်များ အတွင်း ပြင်ပ ထွက်ခွာခွင့်အား ချိုးဖောက်ပြီး ပြန်လည် ရောက်ရှိလာခြင်း မရှိသည့် အကျဉ်းသား ဦးရေ သည် ယခင် ၂၀၁၄ ခုနှစ်ထက် ပိုမို နည်းပါးခဲ့ပြီး အဆိုပါ နှစ်၌် ပြင်ပ ထွက်ခွာခွင့်အား ချိုးဖောက်သူ အကျဉ်းသား ၂,၃၀၅ ဦး ရှိခဲ့ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ဥပဒေအရ အကျဉ်းသားသစ် တစ်ဦးသည် အနည်းဆုံး အပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ ကာလ ကျခံပြီးနောက် (သို့) ပြစ်မှု ထပ်မံ ကျုးလွန်သော အကျဉ်းသားသည် အပြစ်ဒဏ်၏ လေးပုံ တစ်ပုံ ကာလ ကျခံပြီးနောက် ခေတ္တ အပြင် ထွက်ခွာခွင့် အတွက် အာမခံ ရရှိနိုင်ကြောင်း သိရသည်။

နှစ်စဉ် ခရစ္စမတ်နေ့များ အတွင်း အကျဉ်းသားများအား အာမခံဖြင့် ပြင်ပ ထွက်ခွာခွင့် ပေးအပ်ခဲ့ပြီး ယခင်နှစ်များ အတွင်း မီဒီယာများ၏ ဖော်ပြချက်များ အရ အကျဉ်းသား ရာပေါင်းများစွာသည် အကျဉ်းထောင်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.