Connect with us

Latin America

အမေရိကန်၏ နောက်ဆုံးစီးပွားရေးပိတ်ဆို့မှုများတွင် ဗင်နီဇွဲလားနိုင်ငံ သမ္မတကတော်နှင့် အရာရှိများအား အမည်ပျက်စာရင်းသွင်းခဲ့

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (ဝဲ) နှင့် သမ္မတကတော် စီလီယာ ဖလိုရက်စ်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) ၏ ဇနီးနှင့် အခြားသော အစိုးရပိုင်းဆိုင်ရာ အဓိက ခေါင်းဆောင်များပါဝင်သည့် “အတွင်းစည်း” တွင် ပါဝင်သူများအား စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၅ ရက်တွင် ကြေညာလိုက်သည်။

ကြေညာချက်တွင် ဗင်နီဇွဲလားနိုင်ငံ သမ္မတကတော် စီလီယာ ဖလိုရက်စ် (Cilia Flores) နှင့် ဒုတိယသမ္မတ Delcy Rodriguez ၊ ဆက်သွယ်ရေးဝန်ကြီး Jorge Rodriguez နှင့် ကာကွယ်ရေးဝန်ကြီး Vladimir Padrino တို့အား အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ပိတ်ဆို့မှုတွင် အမည်ပျက်စာရင်းသွင်းခံထားရသူပိုင်ဆိုင်သည့် ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် ၎င်းတို့နှင့် စီးပွားရေး အချိတ်အဆက်ပြုလုပ်သည့် အမေရိကန်နိုင်ငံသားများသို့ ကုမ္ပဏီများအား တားမြစ်ခြင်းလည်း ပါဝင်သည်။

ထို့ပြင် သမ္မတ၏ ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော် (ANC) ၏ အဓိကပုဂ္ဂိုလ် Diosdado Cabello အား ထောက်ပံံသည်ဟု စွပ်စွဲထားသော ကွန်ရက်တစ်ခုကိုလည်း ပိတ်ဆို့မှုစာရင်း၌ ထည့်သွင်းခဲ့ပြီး ၎င်း ပိုင်ဆိုင်သော အမေရိကန်ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိသော ကိုယ်ပိုင်ဂျက်လေယာဉ်အား ဖမ်းဆီးထားကြောင်း သိရသည်။

ဗင်နီဇွဲလားအစိုးရကမူ ကုလသမဂ္ဂ၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံအပေါ် မည်သည့်ပိတ်ဆို့မှုများကိုမျှ အသိအမှတ်မပြုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.