Connect with us

Latin America

အီကွေဒေါနိုင်ငံတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲပြုတ်ကျမှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိ

အချင်းဖြစ်နေရာတွင် ဒဏ်ရာရသူများအား ကူညီကယ်ဆယ်မှုများပြုလုပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ကွီတို ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း El Oroပြည်နယ် ရှိ တောင်တက်လမ်းတစ်ခုတွင် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲပြုတ်ကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တဆမှုမှာ စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်း ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ၊ အီကွေဒေါနိုင်ငံ တောင်ပိုင်းပြည်နယ်များအကြား ပြေးဆွဲ နေသည့် အဆိုပါ ခရီးသည်တင်ယာဉ်သည် တောင်ပတ်လမ်းတစ်ခုတွင် ရုတ်တရက် အရှိန်မထိန်းဘဲ မီတာ ၄၀၀ နက်သည့် ချောက်ထဲသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း အီကွေဒေါနိုင်ငံ သယ်ယူပိုဆောင်ရေး ကော်မတီက ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားပြီးနောက် ဒေသခံလုံခြုံရေးရဲဝန်ထမ်းများနှင့်ကယ်ဆယ်ရေးဝန်ထမ်းများက အချင်းဖြစ်နေရာသို့ ချက်ချင်းသွားရောက်ခဲ့ပြီး ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း ၊ ကယ်ဆယ်ရေးလုပ်ငန်းများအဆင်ပြေလွယ်ကူစွာ လုပ်ဆောင် နိုင်ရန် ယာဉ်မတော်တဆဖြစ်ပွားသည့်လမ်းကြောတစ်လျှောက်ကို ပိတ်ဆို့ထားကြောင်း နှင့် အချင်းဖြစ်ပွား သည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

အီကွေဒေါနိုင်ငံသည် လက်တင်အမေရိကတွင် ယာဉ်မတော်တဆဖြစ်ပွားမှု အများဆုံး နိုင်ငံ ဖြစ် သည်။ လမ်းကြောရှုပ်ထွေးခြင်း၊ မောင်းနှင်သောယာဉ် ကောင်းမွန်မှုမရှိခြင်းနှင့် ယာဉ်မောင်းများ၏ အရှိန်လွန်မောင်းနှင်ခြင်းများကြောင့် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.