Connect with us

Latin America

၂၀၁၆ ခုနှစ် အိုလံပစ်ပွဲ ကစားသမား မက်ဆီ လွဲချော်

အာဂျင်တီးနား ဘောလုံးအစားသမား လီယွန်နယ် မက်ဆီ (ဆင်ဟွာ)

ဗျူနို့စ် အဲရပ်စ်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

အာဂျင်တီးနား ဘောလုံးကစားသမား လီယွန်နယ် မက်ဆီသည် Rio de Janeiro မြို့တွင် ပြုလုပ်မည့် ၂၀၁၆ ခုနှစ် အိုလံပစ်အား ကစားပွဲတွင် တောင်အမေရိကတိုက် နိုင်ငံဖြစ်သော အာဂျင်တီးနား လက်ရွေးစင်အသင်း နှင့်အတူ ဝင်ရောက် ကစားခွင့် လွဲချော်မည် ဖြစ်ကြောင်း အသင်းနည်းပြ ဂါရာဒို မာတီနိုက ကြေညာလိုက်သည်။

“အသင်းအတွင်းမှာ ယှဉ်ပြိုင်မှုတွေ များတဲ့အတွက် ဒီနှစ် အိုလံပစ်ကစားပွဲတွေကို မက်ဆီ ပါဝင်ဖြစ်မှာ မဟုတ်ပါ ဘူး” လက်ရွေးစင် အသင်းနည်းပြက ဒေသခံ ရေဒီယိုဋ္ဌာန La Red အား ပြောကြားခဲ့သည်။

အသက် ၂၈ နှစ်အရွယ် စပိန် ဘာစီလိုနာ အသင်း တိုက်စစ်မှူးအဖြစ် ကစားနေသော မက်ဆီသည် ၂၀၀၈ ခုနှစ် ပေကျင်း အိုလံပစ် တွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ထိုစဉ်က အာဂျင်တီးနားအသင်းမှာ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

အာဂျင်တီးနား နိုင်ငံ လက်ရွေးစင် ဘောလုံးအသင်း အနာဂတ်အား အရည်အချင်း ပြည့်ဝသည့် ကစားသမား များဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း မာတီနိုက ပြောကြားခဲ့သည်။

အိုလံပစ် စည်းမျဉ်းစည်းကမ်းအရ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံ့ လက်ရွေးစင်အသင်းများ၌ ပါဝင်မည့် ကစား သမားများထဲတွင် အသက် ၂၃ နှစ်ကျော်သည့် ကစားသမား သုံးဦးသာ ပါဝင်ခွင့်ပြုထားကြောင်း သိရ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.