Connect with us

North America

နယူးဂျာစီပြည်နယ် လူနေရပ်ကွက်အတွင်း လေယာဉ်ငယ်တစ်စင်း ပျက်ကျ၊ လေယာဉ်မှူးသေဆုံး

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဝုဒ်ဘရစ်ချ်မြို့နယ်တွင် လေယာဉ်ငယ်ပျက်ကျသည့်နေရာတွင် မီးသတ်သမားများကို တွေ့ရစဉ် (ဆင်ဟွာ)

ဝုဒ်ဘရစ်ချ်မြို့နယ်၊ အမေရိကန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဝုဒ်ဘရစ်ချ်မြို့နယ် လူနေရပ်ကွက်အတွင်း အောက်တိုဘာ ၂၉ ရက်က လေယာဉ်ငယ်တစ်စင်း ပျက်ကျသွားခဲ့ရာ နေအိမ်သုံးလုံးမီးလောင်ခဲ့ပြီး လေယာဉ်မှူး သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

အင်ဂျင်နှစ်လုံးတပ်၊ လူ ၈ ယောက်စီး သယ်ယူပို့ဆောင်ရေး Cessna 414 လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၁၁ : ၀၀ နာရီက ဝုဒ်ဘရစ်ချ်မြို့နယ်အတွင်း ကိုလိုနီယာရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ပျက်ကျသွားခဲ့ကြောင်း ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန (FAA) က တွစ်တာပေါ်တင်ခဲ့သည့် ကြေညာချက်၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဝုဒ်ဘရစ်ချ်မြို့နယ်တွင် လေယာဉ်ငယ်ပျက်ကျသည့်နေရာတွင် မီးသတ်သမားများကို တွေ့ရစဉ် (ဆင်ဟွာ)

လေယာဉ်ပျက်မှုကြောင့် လေယာဉ်ပေါ်၌ တစ်ဦးတည်းလိုက်ပါလာသူ လေယာဉ်မှူးသေဆုံးသွားခဲ့ကြောင်း အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းမှုဘုတ်အဖွဲ့ (NTSB) ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ပြောကြားချက်အရ သိရသည်။ဝုဒ်ဘရစ်ချ်မြို့တော်ဝန် ဂျွန်မက်ကော်မက် (John McCormac) က လေယာဉ်ပျက်ကျချိန်တွင် နေအိမ်အတွင်း မည်သူမျှမရှိခဲ့ကြောင်း ဆင်ဟွာသို့ပြောခဲ့သည်။လေယာဉ်ပျက်ကျခဲ့ရာနေအိမ်မှာ မီးလောင်သွားကာ လုံးဝပျက်စီးသွားခဲ့ကြောင်းနှင့် အနီးရှိ နောက်ထပ်နေအိမ် နှစ်လုံးလည်း မီးလောင်သွားခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဝုဒ်ဘရစ်ချ်မြို့နယ်တွင် လေယာဉ်ငယ်ပျက်ကျသည့်နေရာတွင် မီးသတ်သမားများကို တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဝုဒ်ဘရစ်ချ်မြို့နယ်တွင် လေယာဉ်ငယ်ပျက်ကျသည့်နေရာတွင် မီးသတ်သမားများကို တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဝုဒ်ဘရစ်ချ်မြို့နယ်တွင် လေယာဉ်ငယ်ပျက်ကျသည့်နေရာတွင် မီးသတ်သမားများကို တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဝုဒ်ဘရစ်ချ်မြို့နယ်တွင် လေယာဉ်ငယ်ပျက်ကျသည့်နေရာတွင် မီးသတ်သမားများကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ နေအိမ်များအနက် အိမ်တစ်လုံးအတွင်း လူတစ်ဦးရှိသော်လည်း ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြောင်းနှင့် မီးအား လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း မက်ကော်မက်က ဆိုသည်။၎င်းက လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းအား သေချာစွာမပြောနိုင်သော်လည်း “ရာသီဥတု တစ်စုံတစ်ရာကြောင့် ဖြစ်နိုင်ကြောင်း” ထောက်ပြခဲ့သည်။NTSB စုံစမ်းစစ်ဆေးသူများကလည်း အခင်းဖြစ်ပွားရာနေရာတွင်ရှိနေပြီး လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းအား စစ်ဆေးကာ မီဒီယာသို့ ရှင်းလင်းပွဲပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.