Connect with us

North America

ဆီးရီးယား၌ လေယာဉ်မပျံသန်းရေးဇုန် အတွက် အမေရိကန်က ရုရှား နှင့်ဆွေးနွေးမည်

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ဆီးရီးယားနိုင်ငံ၌ လေယာဉ်မပျံသန်းရေးဇုန် တည်ထောင်နိုင်ရေး အပါအဝင် ဆီးရီးယားတည်ငြိမ်ရေးကိစ္စရပ်များကို ရုရှားနိုင်ငံနှင့်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က ဇူလိုင် ၅ ရက်တွင် ပြောကြားလိုက်သည်။

“ လေယာဉ်မပျံသန်းရေးဇုန် အပါအဝင် ဆီးရီးယားနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုကို သေချာစေရန်အတွက် ပူးပေါင်းလုပ်ဆောင်ရေးယန္တရားများကို ရုရှားနိုင်ငံနှင့်အတူ တည်ဆောက်သွားဖို့အမေရိကန်နိုင်ငံဟာ ဖြစ်နိုင်သမျှနည်းလမ်းတွေကို ရှာဖွေသွားမှာပါ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန ဝန်ကြီး တီလာဆန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ မြေပြင်အပစ်အခတ်ရပ်စဲရေးလေ့လာစောင့်ကြည့်ခြင်းများ နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အခြားသော ပူးတွဲ လုပ်ဆောင်ရေးယန္တရားများ အကြောင်းကိုလည်း ဆွေးနွေးသွားရန် ရှိကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ယခုရက်သတ္တပတ်အကုန်တွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ ပြုလုပ်မည့် G20 ထိပ်သီးဆွေးနွေးပွဲအတွင်း သီးခြားပြုလုပ်ရန်ရှိသည့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်တို့တရားဝင်ဆွေးနွေးပွဲမတိုင်မီ ရက် အနည်းငယ်အလိုတွင် တီလာဆန်၏ မှတ်ချက်စကားထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် တီလာဆန်က ဆီးရီးယားနိုင်ငံ၏ လက်ရှိ အခြေအနေသည် သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် သမ္မတပူတင်နှင့်တွေ့ဆုံစဉ် ဆွေးနွေးမည့် အရေးကိစ္စတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန် နှင့် ရုရှား နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်နှစ်ဦး၏ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုတွင် ဆီးရီးယားပဋိပက္ခ ၊ ယူကရိန်းအကျပ်အတည်း နှင့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားထောက်လှမ်းရေးများ၏ ကြားဝင်နှောင့်ယှက်မှု ရှိသည်ဟု စွပ်စွဲချက်ကိစ္စရပ်များအပါအဝင် မတူကွဲပြားသောအကြောင်းအရာများကို ဆွေးနွေးသွားဖွယ် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.