Connect with us

North America

G20 ထိပ်သီးအစည်းအဝေး၌ ရုရှားသမ္မတ နှင့် အမေရိကန်သမ္မတ ဆွေးနွေးပွဲ ပြုလုပ်မည်ဟု အိမ်ဖြူတော် ထုတ်ပြန်

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်သည် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ ပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေးအတွင်း ရုရှားနိုင်ငံသမ္မတ ပူတင်နှင့်တွေ့ဆုံ၍ ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ Michael Anton က လာမည့် ဇူလိုင်လ ၇ ရက်တွင် နှစ်နှစ်ကျော်ကာလအတွင်း ရုရှား-အမေရိကန် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံမှုအဖြစ် သမ္မတထရမ့်နှင့် သမ္မတ ပူတင်တို့အကြားတွေ့ဆုံဆွေးနွေးသွားကြမည်ဖြစ်ကြောင်း CNN သတင်းက ဖော်ပြခဲ့သည်။

သို့သော်လည်း နှစ်ဘက်ဆွေးနွေးပွဲအတွက် တိကျသော အစီအစဉ်ကို ညှိနှိုင်းရခြင်း မရှိသေးကြောင်း CNN က ဆိုသည်။

အမေရိကန် နှင့် ရုရှား နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်နှစ်ဦး၏ မျက်နှာချင်းဆိုင်တွေ့ဆုံမှုတွင် ဆီးရီးယားပဋိပက္ခ ၊ ယူကရိန်းအကျပ်အတည်း နှင့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားထောက်လှမ်းရေးများ၏ ကြားဝင်နှောင့်ယှက်မှု ရှိသည်ဟု စွပ်စွဲချက်ကိစ္စရပ်များအပါအဝင် မတူကွဲပြားသောအကြောင်းအရာများကို ဆွေးနွေးသွားဖွယ် ရှိသည်။

ပြီးခဲ့သော ဧပြီလ၌် ဒေါ်နယ်ထရမ့်က ပြောကြားရာတွင် “ အားလုံးမှာ ရုရှား နဲ့ဘာမျှ အတူတွဲမလုပ်ဘူး” နှင့် နှစ်နိုင်ငံအကြားဆက်ဆံရေးသည် “ ကာလအားလုံးမှာ အနိုမ့်ဆုံး ဖြစ်နိုင်တယ်” စသည့်ဖြင့် ပြောကြားခဲ့သည်။

မေလ လယ်ပိုင်းက ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် သမ္မတဒေါ်နယ်ထရမ့် တွေ့ဆုံစဉ် ရုရှား-အမေရိကန်နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်မွန်အောင် တည်ဆောက်သွားရန် ဆန္ဒရှိကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။

ယခုလအစောပိုင်းက အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က အမေရိကန်နိုင်ငံအနေဖြင့် အမြဲတမ်း နိုမ့်ပါးနေခဲ့သည့် ရုရှားနိုင်ငံနှင့်ဆက်ဆံရေးကို တည်ငြိမ်အောင် လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး အနိုမ့်ဆုံးအခြေအနေရောက်နေပါတယ်။ အနာဂတ်မှာတော့ ပြင်ဆင်ရမှာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ဖို့ပါပဲ” ဟု ဆီးနိုတ်လွှတ်တော်ကြားနာပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.