Connect with us

North America

တရုတ် နိုင်ငံ ဂရင်းလန်း ကုမ္ပဏီက လော့စ်အိန်ဂျလိစ် မြို့လယ်တွင် ပထမဆုံး လူနေ တာဝါ တည်ဆောက်မှု ပြီးစီးလုနီး

အမေရိကန် နိုင်ငံ လော့စ်အိန်ဂျလိစ် ရှိ Greenland USA’s ပထမဆုံး လူနေအိမ်ရာ တာဝါ အားတွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ် အိမ်ခြံမြေ တည်ဆောက်သူ ဂရင်းလန်း (Greenland) ကုမ္ပဏီ၏ လုပ်ငန်းခွဲဖြစ်သည့် ဂရင်းလန်း ယူအက်စ်အေ (Greenland USA) က လော့စ်အိန်ဂျလိစ် မြို့လယ်တွင် တည်ဆောက် နေသည့် အထပ် ၃၈ ထပ်ပါ ပထမဆုံး လူနေအိမ်ရာ တာဝါမှာ ပြီးစီး လုနီးပြီ ဖြစ်ကြောင်း ဒီဇင်ဘာလ ၈ ရက်နေ့က အခမ်းအနားတွင် ပြောကြား လိုက်သည်။

ယင်း စီမံကိန်းသည် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကုန်ကျမည့် မြို့တော် စီမံကိန်းဖြစ်ပြီး လော့စ်အိန်ဂျလိစ် မြို့လယ်ရှိ ၆.၃ ဧက (၂၅,၄၉၅.၂ စတုရန်းမီတာ) အကျယ်ရှိ မြေပေါ်တွင် တည်ဆောက် မည်ဖြစ်ပြီး လူနေ အိမ်ရာ တာဝါ သုံးခု နှင့် ဟိုတယ် တစ်ခု ပါဝင်မည် ဖြစ်သည်။

ဂရင်းလန်း ယူအက်စ်အေ ၏ ပထမဆုံး အဖြစ် လုပ်ဆောင်နိုင်ခြင်းအား ဂုဏ်ယူကြောင်း နှင့် စီမံကိန်း ပြီးပြည့်စုံ သွားခဲ့လျင် မြို့တော် စီမံကိန်းက အားကောင်း လာမည်ဖြစ်ပြီး မြို့လယ်နေရာ တစ်ခုလုံးကိုလဲ ပြောင်းလဲသွား စေမည် ဖြစ်ကြောင်း ဂရင်းလန်း ယူအက်စ်အေ၏ ယာယီ စီအီးအို ဂန်ဟူက ပြောသည်။

ဒေသခံများ အနေဖြင့် အိမ်ခြေ ၃၀၀ ကျော်ပါဝင်မည့် ပထမ တာဝါသို့ ၂၀၁၆ နှစ်ကုန်တွင် အစောဆုံး ပြောင်း ရွှေ့နိုင်မည် ဖြစ်ကြောင်း ဂရင်းလန်း ယူအက်စ်အေ၊ လော့စ်အိန်ဂျလိစ် ၏ အထွေထွေမန်နေဂျာ Taotao Song က ပြောသည်။

စီမံကိန်း ကာလက ၂၀၁၄ မှ ၂၀၁၆ ခုနှစ် အထိ သုံးနှစ်နီးပါး ကြာမြင့်ခဲ့ပြီး အချိန်ပြည့် အလုပ်သမား ၂,၂၀၀ အား ပထမ တာဝါ တည်ဆောက်ရေး အတွက် အလုပ်အကိုင် နေရာများ ဖန်တီးနိုင် ခဲ့ပြီး စီမံကိန်းကြီး တစ်ခု လုံးအတွက် အချိန်ပြည့် အလုပ်သမား ၁၀,၀၀၀ ကျော် အလုပ်နေရာများ ရခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.