Connect with us

North America

ဝါရှင်တန်ဒီစီ ရှိ Trump နိုင်ငံတကာဟိုတယ်အနီး၌ လက်နက်တင်ဆောင်ထားသော ကားတစ်စီးကို ရှာဖွေ တွေ့ရှိပြီးနောက် လူတစ်ဦးကို ဖမ်းဆီး

ဗုံးရှာဖွေတွေ့ ရှိသော ဝါရှင်တန်ဒီစီရှိ Trump နိုင်ငံတကာဟိုတယ်ရှေ့ တွင် လုံခြုံရေးယူထားသော တပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော် နှင့် ၅ ဘလောက်အကွာ၌ တည်ရှိသော Trump နိုင်ငံတကာဟိုတယ်အနီးရပ်ထားသော ကားတစ်စီးတွင် ကျည်ဆံများ နှင့် သေနတ် ၂ လက်ကို ရှာဖွေတွေ့ရှိပြီးနောက် ယင်းဟိုတယ်တွင် တည်းခိုနေသည့် လူတစ်ဦးအား ဖမ်းဆီး လိုက်ကြောင်းရဲတပ်ဖွဲ့က ဆိုသည်။

ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့သည် သံသယရှိသူအား ဒေသစံတော်ချိန် နံနက် ၁ နာရီ ၅ဝ မိနစ်တွင်ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း နှင့် ပင်ဆယ်လ်ဗေးနီးယား၌ နေထိုင်သည့် အသက် ၄၃ နှစ်အရွယ်ရှိ Bryan Moles ဆိုသူ မောင်းနှင်လာသောကားထဲတွင် Bushmaster AR-15 ပုံစံ လက်နက်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းသည် ကားကို ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းတစ်ဦးအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကားအတွင်းရှိ လက်အိတ်သေတ္တာထဲတွင် Glock 23 လက်ဆွဲသေနတ်တစ်လက် နှင့်အတူ ၇.၆၂ မီလီမီတာ ကျည်ဆံ ၃ဝ ထောင့် နှင့် .၂၂၃ ကျည်ဆံ ၆ဝ ထောင့်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

Moles သည် လိုင်စင်မဲ့ သေနတ် ကိုင်ဆောင်မှု နှင့် တရားမဝင် ကျည်ဆံ လက်ဝယ်တွေ့ရှိမှှုများဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း ဝါရှင်တန်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။ ဝါရှင်တန်ဒီစီရဲချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Dustin Sternbeck က ရဲတပ်ဖွဲ့အနေဖြင့် Moles ထံမှ ခြိမ်းခြောက်စကားများကို ကြားခဲ့ရကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.