Connect with us

North America

မက္ကဆီကိုနိုင်ငံတွင် အကျဉ်းထောင် ဆူပူမှုများကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံး

မက္ကဆီကိုနိုင်ငံ Cieneguillas မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Zacatecas ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းက ဆူပူမှုများဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၆ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။

Zacatecas ပြည်နယ်မြို့တော် Zacatecas မှ ၁၃ ကီလိုမီတာခန့်အကွာရှိ Cieneguillas မြို့ရှိ အကျဉ်းထောင်၌ ဒေသစံတော်ချိန် မွန်းလွဲ ၂:၃၀ နာရီက အကျဉ်းသားအုပ်စုများအကြား ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းများအရ သိရသည်။

အခင်းဖြစ်ပွားပြီး မကြာမီ ဒေသခံရဲတပ်ဖွဲ့က ကြားဝင်ဖျန်ဖြေခဲ့ပြီး မွန်းလွဲချိန်နှောင်းပိုင်းတွင် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက ပြောခဲ့သည်။ (Xinhua)