Connect with us

North America

မက္ကဆီကိုနိုင်ငံ၌ ထောင်တွင်း ဆူပူမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အရှေ့ပိုင်း Veracruz ပြည်နယ် တွင် မတ် ၃၁ရက် ညပိုင်းက ထောင်တွင်း ဆူပူမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၇ဦးသေဆုံးခဲ့ကြောင်း အစိုးရက ဧပြီ ၁ရက်တွင် ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်တွင် ဖယ်ဒရယ်အစိုးရ က La Toma အကျဉ်းထောင်၌ အကျဉ်းသား ၁,၃၀၀ဝန်းကျင်သည် အကျဉ်းထောင်ညွှန်ကြားရေးမှူး နှင့် အကျဉ်းထောင်လုံခြုံရေးမှူး အား ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုရာမှ မတ် ၃၁ ရက် ည ၁၀နာရီတွင် ထောင်ဆူမှု စတင်ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

Veracruz အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အကျဉ်းထောင်အတွင်းသို့ ဝင်ရောက်၍ အခြေအနေအား ထိန်းသိမ်းရန် ကြိုးပမ်းစဉ် အကျဉ်းသားများ က ခေါင်းအုံးများကို မီးရှို့ခြင်းများ နှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အကျဉ်းသားများသည် ရဲတပ်ဖွဲ့ဝင်များအား ကိရိယာတန်ဆာပလာများဖြင့် တိုက်ခိုက်ခဲ့ကြသော်လည်း Veracruz ရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲ့များ သေဆုံးမှုသည် အသက်ရှူမွန်းကြပ်မှုကြောင့် ဖြစ်ကြောင်း ဆိုထားသည်

ယင်းပဋိပက္ခအတွင်း အနည်းဆုံး အကျဉ်းသား ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ထောင်တွင်းဆူပူအကြမ်းဖက်မှုအား ဧပြီ ၁ရက် နံနက်ပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ပြီး အကျဉ်းထောင်အား အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝိုင်းထားကာ အကျဉ်းသားများ၏ မိသားစုဝင်များ ထောင်အတွင်းသို့ ဝင်ရောက်မှုမရှိစေရန် တားဆီးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117