Connect with us

North America

ပဲရစ် သဘောတူညီချက်မှ အမေရိကန် နုတ်ထွက်မည်

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ မိန့်ခွန်းပြောကြားနေသည့် သမ္မတ ဒေါ်နယ်ထရမ့်အား ဇွန်လ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ရာသီဥတုပြောင်းလဲခြင်း တိုက်ဖျက်ရန် သမိုင်းမှတ်တိုင် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် တစ်ခုဖြစ်သော ပဲရစ် သဘောတူညီချက်မှ အမေရိကန်နိုင်ငံ နုတ်ထွက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် အမေရိကန် အစိုးရအတွက် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ငြိမ်းအေးသွားစေရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အိမ်ဖြူတော် နှင်းဆီဥယျာဉ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထရမ့်က ပြောကြားခဲ့သည်။

ပဲရစ် သဘောတူညီချက်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် စဉ်းစားကောင်း စဉ်းစားမည် ဖြစ်သော်လည်း ၎င်းတို့ အစိုးရအဖွဲ့၏ ထိပ်တန်း ဦးစားပေး အချက်အနေဖြင့် ပါဝင်မည် မဟုတ်ကြောင်း ထရမ့်က ဆိုသည်။

“အကယ်၍ ကျွန်တော်တို့ ပြန်လည် ဝင်ရောက်မယ်ဆိုရင် ကောင်းတာပေါ့၊ အကယ်၍ မဝင်ရောက်နိုင်ခဲ့ဘူး ဆိုရင်လဲ ကောင်းတာပါပဲ၊ အမေရိကန်နိုင်ငံအတွက်၊ စီးပွားရေးသမားတွေ၊ အလုပ်သမားတွေနဲ့ အခွန်ထမ်း ပြည်သူတွေအတွက် သင့်တင့်တဲ့ သဘောတူညီချက် အသစ် တစ်ခု လုပ်ဆောင်သင့်တယ်” ဟု ထရမ့်က ပြောသည်။

ပဲရစ် သဘောတူညီချက်မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် ဆုံးဖြတ်လိုက်ခြင်းသည် ၎င်း၏ ရွေးကောက်ပွဲ ကတိအား တည်စေရန် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပဲရစ် သဘောတူညီချက်ကို အချိန်ယူ၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ နိုင်ငံအားလုံးနီးပါးက သဘောတူခဲ့ကြောင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချကာ ရာသီဥတု ပြောင်းလဲခြင်းအား ကိုင်တွယ်ရန် ရည်ရွယ်ထားကြောင်း၊ ပျမ်းမျှ အပူချိန်ကို စက်မှုတော်လှန်ရေးခေတ် အပူချိန်ထက် ၂ ဒီဂရီထက် မပိုဘဲ ထိန်းသိမ်းထားရှိရန် တစ်ကမ္ဘာလုံးက ရည်မှန်းထား လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117