Connect with us

North America

အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှု အသစ်များ ချမှတ်

အမေရိကန်သမ္မတ အိုဘားမားအား ဟောပြောပွဲ တစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ အိုဘားမား သည် ဇန်နဝါရီလ ၁၆ ရက်က အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ် အပေါ် ပိတ်ဆို့မှု များ ဖြေလျှော့ပေးပြီးနောက် ဇန်နဝါရီလ ၁၇ ရက်တွင် အမေရိကန်နိုင်ငံ သည် အီရန်နိုင်ငံ၏ ပဲ့ထိန်းဒုံး အစီအစဉ်နှင့် ပတ်သက်၍ ပိတ်ဆို့မှု အသစ်များ ကြေညာခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ သား ခြောက်ယောက် နှင့် ကုမ္ပဏီ ၁၁ ခု အား အမေရိကန်နိုင်ငံ က အမည်ပျက်စာရင်း သွင်းခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အမေရိကန် အစိုးရသည် အီရန်နိုင်ငံ၏ ပဲ့ထိန်းဒုံး အစီအစဉ် အတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူနိုင်ရန် အီရန်နိုင်ငံအား ကူညီထောက်ပံ့ပေးသည့် မည်သူ့ကိုမဆို ပိတ်ဆို့မှု များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန် နိုင်ငံ သမ္မတ အိုဘားမားက အီရန်နိုင်ငံသည် ပဲ့ထိန်းဒုံး အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ပါက အမေရိကန်နိုင်ငံ အနေဖြင့် ပိတ်ဆို့မှု အသစ်များ ချမှတ် သွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၇ ရက်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၁၆ ရက်က အမေရိကန် နိုင်ငံ သမ္မတ အိုဘာမားသည် အီရန်နိုင်ငံ ၏ နျူကလီးယား အစီအစဉ် နှင့်ပတ်သက် သည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးသည့် အမိန့်စာတမ်းအား လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.