Connect with us

North America

အမေရိကန် ရော့ခ် Band တစ်ခုဖြစ်သော The Eagles တည်ထောင်သူ ဂလန်းဖရေး ကွယ်လွန်

The Eagles အဖွဲ့ဝင် Glenn Frey (ဓာတ်ပုံ- အင်တာနက်)

နယူးယောက်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် ရော့ခ် ဂီတ Band တစ်ခုဖြစ်သည့် The Eagles အားတည်ထောင်သူ အဖွဲ့ဝင် အသက် ၆၇ နှစ် အရွယ် ဂလန်းဖရေး (Glenn Frey) သည် ၎င်း၏ ဖျားနာဝေဒနာဖြင့်ပင် နယူးယောက်စီးတီး၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း Band ၏ ဝက်ဘ်ဆိုဒ်မှာ ကြေညာထားသည်။

အဆစ်အမြစ်ရောင်နာ ရောဂါမှတစ်ဆင့် အဖျားကူးစက်ခြင်း ဝေဒနာ၊ အဆစ်ရောင်ရောဂါ စသည့် ဝေဒနာ များကို ရက်သတ္တပတ်ပေါင်းများစွာ ခံစားခဲ့ရပြီးနောက် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဖရေးသည် ၁၉၇၁ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်တွင် Dong Henley နှင့်တွဲဖက်၍ The Eagles အဖွဲ့ကို တည်ထောင်ခဲ့သလို The Eagles လိဂ် ဂီတာသမားနှင့် အဆိုတော်လည်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် Rock and Roll of Fame သို့ ဝင်ရောက်ခဲ့ပြီး ဂရမ်မီဆု ၆ ခုရရှိခဲ့ပြီး ယင်းတို့အနက် Hotel California သီချင်းဖြင့် ရရှိခဲ့သည့် ဆုလည်း တစ်ခု အပါအဝင် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.