Connect with us

North America

အမေရိကန်မှ ကျူးဘားသို့ စတင်ပျံသန်းပြေးဆွဲမည့် လေကြောင်းလိုင်း ၆ ခုအား အမေရိကန် ခွင့်ပြု

American Airlines မှ လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံရှိ မြို့ ၅ မြို့နှင့် ကျူးဘားနိုင်ငံရှိ မြို့ ၉ မြို့သို့ ဆက်သွယ်ပျံသန်းမည့် အမေရိကန် နိုင်ငံရှိ ပြည်တွင်း လေကြောင်းလိုင်း ၆ ခုအား ခွင့်ပြုလိုက်ကြောင်း အမေရိကန် ပို့ဆောင်ရေး ဝန်ကြီးဋ္ဌာနက ဇွန်လ ၁၀ ရက်က ပြောကြား ခဲ့သည်။

“မနှစ်က အမေရိကန် သမ္မတ အိုဘားမားက ကျူးဘား ပြည်သူများနှင့် ခရီးသစ် တစ်ခု စတင်ရန် အချိန်ကျပြီ ဖြစ်ကြောင်း ကြေညာခဲ့တယ်၊ အဲဒီ ကတိကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သလို ရာစုနှစ်ဝက်ကျော်ကြာပြီး နောက် ကျူးဘားသို့ လေကြောင်း ဝန်ဆောင်မှု ပြန်လည် စတင်ခဲ့ခြင်းလဲ ဖြစ်တယ်” ဟု အမေရိကန် ပို့ဆောင် ရေး ဝန်ကြီး အန်တိုနီ ဖော့စ်က ကြေညာချက်၌ ပြောကြားထားသည်။

လေကြောင်း ဝန်ဆောင်မှုပေးရန် ရွေးချယ်ခံရသည့် လေကြောင်းလိုင်းများမှာ American Airlines, Frontier Airlines, JetBlue Airways, Silver Airways, Southwest Airlines နှင့် Sun Country Airlines စသည်တို့ ဖြစ်သည်။
ယင်းလေကြောင်းလိုင်းများဖြင့် ပြေးဆွဲမည့် အမေရိကန်ရှိ မြို့များမှာ Miami, Fort Lauderdale, Chicago, Minneapolis/ At.Paul and Philadelphia စသည့် မြို့ ၅ မြို့ ဖြစ်သည်။ ကျူးဘားနိုင်ငံတွင်မူ မြို့ ၉ မြို့သို့ ချိတ်ဆက် ပျံသန်းမည် ဖြစ်ပြီး ၎င်းတို့မှာ Camaguey, Cayo Largo, Cienfuegos, Holguin, Manazanillo, Matanzas, Santa Clara နှင့် Santiago de Cuba တို့ ဖြစ်ကြောင်း သိရသည်။

နှစ် ၅၀ ကျော် အတွင်း ပထမဆုံး အကြိမ်အဖြစ် ကျူးဘားနှင့် အမေရိကန် နေ့စဉ် စီးပွားရေး လေကြောင်း ခရီးစဉ် ပျံသန်းမည့် သဘောတူညီမှု တစ်ခုအား ဖေဖော်ဝါရီလက လက်မှတ် ရေးထိုးခဲ့ကြသည်။

အဆိုပါ သဘောတူညီမှုအရ အမေရိကန်မှ ကျူးဘားရှိ မြို့တော် ဟာဗာနားမှ လွဲ၍ အခြားမြို့ ၉ မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၉ ခုသို့ ပျံသန်းရာတွင် လေဆိပ်တစ်ခုလျှင် နေ့စဉ် အသွားအပြန် ခရီးစဉ် ၁၀ ခု ပြေးဆွဲမည် ဖြစ်သဖြင့် တစ်နေ့လျှင် ခရီးစဉ် စုစုပေါင်း ၉၀ အထိ ရှိမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.