Connect with us

North America

လာမည့် နှစ်နှစ်အတွင်း ကမ္ဘာအနှံ့က ဒုက္ခသည် အရေအတွက် တိုးမြှင့် လက်ခံမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီပြော

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ အား သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

လာမည့် နှစ်နှစ်အတွင်း ကမ္ဘာအနှံ့မှ ဒုက္ခသည် အရေအတွက် တိုးမြှင့် လက်ခံမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တနင်္ဂနွေနေ့က ကြေညာလိုက်ပါသည်။

ဂျာမနီနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ကယ်ရီက ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဖရန့်ဝေါလ်တာ စတိန်းမီယာနှင့် လက်ရှိ ဒုက္ခသည် အရေး ဆွေးနွေးသော အစည်းအဝေး အပြီးတွင် မှတ်ချက်ပြု ပြောခဲ့ခြင်း ဖြစ်သည်။

ကယ်ရီက အမေရိကန်နိုင်ငံ အနေဖြင့် အဆိုပါ အရေးနှင့် ပတ်သတ်၍ ကူညီရန် အသင့် ရှိနေကြောင်း ပြောဆိုခဲ့သည်။ သူ၏အဆိုအရ လာမည့်နှစ်တွင် ကမ္ဘာအနှံ့မှ ဒုက္ခသည် ၇၀,၀၀၀ လက်ခံရန် စီစဉ်ထားရာမှ ၈၅,၀၀၀ အထိ လက်ခံမည် ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၁၀၀,၀၀၀ အထိ တိုးမြှင့် လက်ခံမည် ဖြစ်သည်။

ဆီးရီးယား ဒုက္ခသည် အရေအတွက် ဘယ်လောက် လက်ခံမလဲ ဆိုတာကိုတော့ ဝန်ကြီးက အသေးစိတ် ပြောကြား ထားခြင်း မရှိပေ။

အမေရိကန် နိုင်ငံအတွက် အရှိန်မြင့်လာသော ဒုက္ခသည်အရေး လျော့ပါးသွားစေရန် အမေရိကန်နိုင်ငံ အနေဖြင့် ပိုမို လုပ်ဆောင်သင့်ကြောင်း ပြောဆိုမှုများပြားလာသည့် ကြားမှ ယခုလို ကယ်ရီ၏ ကြေညာချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက သူ၏ အစိုးရအနေဖြင့် လာမည့် နှစ်အတွင်း ဆီးရီးယား ဒုက္ခသည် အနည်းဆုံး ၁၀,၀၀၀ လက်ခံသွား မည်ဟု ကြေညာထားပါသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117