Connect with us

North America

အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်၌ ရဟတ်ယာဉ်အပိုင်စီးရန် ကြိုးပမ်းသည့် သေနတ်သမားအား ရဲတပ်ဖွဲ့က အသေပစ်သတ်

အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် Hillsboro လေဆိပ်၌ ရဟတ်ယာဉ်အပိုင်စီးမှုဖြစ်ပွားပြီးနောက် တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်ရှိ လေဆိပ်တစ်ခုတွင် ဇူလိုင်လ ၃ ရက်က ရဟတ်ယာဉ်တစ်စင်းကို အပိုင်စီးရန် ကြိုးပမ်းသည့် သေနတ်သမားတစ်ဦးအား အသေပစ်သတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Hillsboro လေဆိပ် လေယာဉ်မောင်းသင်တန်းကျောင်းအပြင်ဘက်တွင် ရပ်နားထားသည့် ရဟတ်ယာဉ်တစ်စီးကို လူတစ်ယောက်က ခိုးယူရန် ကြိုးပမ်းခဲ့ကြောင်း ၊ ၎င်းအား လေယာဉ်ကွင်းအနီးတွင် အသေပစ်သတ်ဖမ်းဆီးခဲ့ကြောင်း Hillsboro ရဲတပ်ဖွဲ့ကဆိုသည်။

Hillsboro မြို့သည် အော်ရီဂွန်ပြည်နယ်တွင် ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်ပြီး အမေရိကန်-ပစိဖိတ် အနောက်မြောက်ဘက်ရှိ အော်ရီဂွန်ပြည်နယ် တွင် အကြီးဆုံး မြို့ဖြစ်သော Portland မြို့၏ အနောက်မြောက်ဘက် ၂၇ ကီလိုမီတာအကွာ၌ တည်ရှိသည်။

အဆိုပါ ဖြစ်စဉ်သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၃ မိနစ်တွင်ဖြစ်ပွားခဲ့ကြောင်း ၊ ရဟတ်ယာဉ်ပေါ်တွင် Hillsboro လေကြောင်း အကယ်ဒမီကျောင်းမှ သင်တန်းသားတစ်ဦး နှင့် လေကြောင်း သင်တန်းမှူးတစ်ဦး ရှိနေစဉ် မျက်နှာဖုံးဝတ်ဆင်ထားသော လူတစ်ဦးသည် ရဟတ်ယာဉ်ပေါ်သို့တက်ရောက်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း Hillsboro ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ The Oregonian သတင်းက ဆိုသည်။

သေနတ်သမားသည် ရဟတ်ယာဉ်တံခါးကို ဖွင့်ပြီး သင်တန်းသားကို သေနတ်ဖြင့်ချိန်ကာ အောက်သို့ဆင်းရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဉ်အား ရဲတပ်ဖွဲ့ဝင်တစ်ဦးက တွေ့ရှိခဲ့ပြီးနောက်တွင် သေနတ်သမားသည် ရဟတ်ယာဉ်မှ ထွက်ပြေးပြီး လေယာဉ်ကွင်းကို တားဆီးထားသည့် ဝါယာကြိုးအတားအဆီးကို ကျော်ဖြတ်ကာ လမ်းမပေါ်သို့ထွက်ပြေးသွားခဲ့သည်။ ဒုတိယ Hillsboro ရဲအရာရှိတစ်ဦးက သေနတ်သမားနောက် လိုက်သွားပြီး ကွင်းပြင်တစ်ခုတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Reimann က ဆိုသည်။ အဆိုပါ သေနတ်သမားသည် ၎င်းနေရာ၌ ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အခြားထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ၊ သံသယရှိသူမှာ မည်သူမည်ဝါဖြစ်သည်ကို ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လေကြောင်းခရီးစဉ်များ ခေတ္တရပ်နားခဲ့ရပြီး လေဆိပ်အား ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ပြန်လည်ဖွင့်ပေးခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117