ဖနွမ်းပင် ၊ မေ ၃၀ ရက်(ဆင်ဟွာ) ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP) လွတ်လပ်သောကုန်သွယ်မှုစာချုပ်သည် ပွင့်လင်းသော ၊ အားလုံးပါဝင်သော ၊ စည်းမျဉ်းများစည်းကမ်း အခြေပြုသည့် ကုန်သွယ်ရေးစနစ်၏ အကောင်းဆုံး ဥပမာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ခ်ဟိုဟွန်ဆန်က မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ မေ ၃၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက ဦးဆောင်သည့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (IPEF)သည် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ထက် နိုင်ငံရေးလေလုံး ပိုများနေကြောင်း နာမည်ကြီး ကမ္ဘောဒီးယားပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ မေ ၃၀ ရက်(ဆင်ဟွာ) “နေ့အလင်းရောင်မရရှိခြင်း နှင့် ဆိုးရွားသောရာသီဥတုအခြေအနေများကြောင့်” လူပေါင်း ၂၂ ဦးလိုက်ပါသွားသော ပျောက်ဆုံးနေသည့် လေယာဉ်ငယ်တစ်စင်းရှာဖွေမှု လုပ်ငန်းအားလုံးကို နီပေါစစ်တပ်က ရပ်ဆိုင်းထားရကြောင်း စစ်တပ်က မေ ၂၉ ရက် ညပိုင်းတွင်ပြောကြားခဲ့သည်။
ကျိုချွမ်၊ မေ ၃၀ ရက်(ဆင်ဟွာ) လူလိုက်ပါ အာကာသယာဉ် Shenzhou-14နှင့် အာကာသယာဉ် သယ်ဆောင်ရေး ဒုံးပျံ Long March-2Fအတွဲကို အာကာသယာဉ်လွှတ်တင်မည့် ဧရိယာသို့ ရွှေ့ပြောင်းထားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA)က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထပ်မံလှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm (၁၀)သန်း၊ ကာကွယ်ဆေးထိုးအပ် (၁၃)သန်း နှင့် ကိုဗစ်-၁၉ရောဂါရွေ့လျားဓာတ်ခွဲယာဉ် (၂)စီး စသည်တို့အားပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ မေ(၂၉)ရက် မနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်ထိ...