ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ARSA အကြမ်းဖက်အုပ်စုအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များပူးပေါင်းဆောင်ရွက်မှုဖြင့် ရှင်းလင်းချေမှုန်းနိုင်ရေးကို နိုဝင်ဘာ ၂၅ ရက်၌ကျင်းပသော နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ဒါကာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် နိုင်ငံတွင်း နိုင်ငံခြားသားများ အသတ်ခံရပြီးနောက် လူသတ်သမားများ နိုင်ငံတွင်းမှ ထွက်ပြေး လွတ်မြောက်သွားခြင်းကို တားဆီးရန် ၎င်း၏ နယ်ခြားတပ်ဖွဲ့များအား အရေးပေါ် တပ်လှန့် ထားကြောင်း သိရသည်။