ကိုလံဘို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Ranil Wickremesingheသည် ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်ရုံးက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ထို့နောက် ၎င်းက ဘက်ပေါင်းစုံ ပါတီအသီးသီးပါဝင်သည့် အစိုးရဖွဲ့စည်းရန် သဘောတူညီချက်ရရှိရေးအတွက် ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်တွန်းပြောကြားခဲ့သည်။ ထိုနေ့...
သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa ၏ ရာထူးမှနုတ်ထွက်မှုကို လက်ခံကြောင်း ယနေ့ ဇူလိုင် ၁၅ ရက်တွင် သီရိလင်္ကာလွှတ်တော် ဥက္ကဋ္ဌ Mahinda Yapa Abeywardena က ကြေညာခဲ့သည်။ (Xinhua) ………………………………… (Chinese Version) 新华社快讯:斯里兰卡议长阿贝瓦德纳15日宣布接受总统戈塔巴雅·拉贾帕克萨辞职。
မက္ကဆီကိုစီးတီး ၊ ဇွန် ၇ ရက်(ဆင်ဟွာ) အချို့နိုင်ငံများအား အမေရိကန်နိုင်ငံက ချန်လှပ်ထားခြင်းကြောင့် ယခုရက်သတ္တပတ်အတွင်း ကျင်းပပြုလုပ်မည့် အမေရိကတိုက်နိုင်ငံများထိပ်သီးအစည်းအဝေးသို့ တက်ရောက်လိမ့်မည်မဟုတ်ကြောင်း မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador က ဇွန် ၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဘူဒါပတ် ၊ မေ ၁၅ ရက်(ဆင်ဟွာ) ဟန်ဂေရီနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတ Katalin Novak သည် မေ ၁၄ ရက်တွင် ပြုလုပ်သော ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် မျှော်လင့်ချက် နှင့် စည်းလုံးညီညွတ်မှု အတွက် သတင်းစကားအား အလေးထားပြောကြားခဲ့သည်။
မနီလာ ၊ မေ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတရွေးကောက်ပွဲအတွက် ထောက်ခံမဲစစ်တမ်းကောက်ယူမှုတွင် ဖာဒီနန်မားကိုစ့်ဂျူနီယာက ဆက်လက်ဦးဆောင်လျက်ရှိကြောင်း ၂၀၂၂ ခုနှစ် မေ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အကြိုထုတ်ပြန်သော စစ်တမ်းတစ်ခုအရ သိရသည်။
ပြင်သစ် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) လက်ရှိပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်သည် ၂၀၂၂ ခုနှစ်သမ္မတရွေးကောက်ပွဲတွင် ထောက်ခံမဲ ၁၈,၇၇၉,၆၄၁ မဲ သို့မဟုတ် ခိုင်လုံမဲအားလုံး၏ ၅၈ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ဧပြီ ၂၄ ရက်ညပိုင်းတွင် ထုတ်ပြန်သော ကနဦးမဲရလဒ်များအရ သိရသည်။
ကိုလံဘို၊ ဧပြီ ၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa သည် မည်သို့သော အခြေအနေအောက်တွင်မဆို ရာထူးမှနုတ်ထွက်လိမ့်မဟုတ်ကြောင်း အစိုးရအဖွဲ့အကြီးအကဲ Whip Johnston Fernando က လွှတ်တော်တွင် ဧပြီ ၆ ရက်၌ ပြောကြားခဲ့သည်။ Fernando က နိုင်ငံသား...
ကိဗ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင်များပြန်လည်ရုပ်သိမ်းသွားပြီးနောက် ရာပေါင်းများစွာသော အရပ်သားပြည်သူများ စုပြုံသတ်ဖြတ်ခြင်းခံထားရသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း စွပ်စွဲထားသည့် ကိဗ်မြို့တော်အပြင်ဘက် ဘူချာမြို့ငယ်(Bucha) သို့ ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီးသည် ဧပြီ ၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယခုရက်သတ္တပတ်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပပြုလုပ်သော ယူကရိန်း – ရုရှား အစီးအဝေးပွဲအတွင်း ညှိနှိုင်းဆွေးနွေးခဲ့သော သဘောတူညီချက်မူကြမ်းများသည် ယူကရိန်းသမ္မတ နှင့် ရုရှားသမ္မတတို့ တွေ့ဆုံဆွေးနွေးရန်အတွက် ယခုအခါ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယူကရိန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် David Arakhamia က ဧပြီ...
Ouagadougou ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာကီးနားဖားဆို နိုင်ငံမှ စစ်အာဏာသိမ်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ပေါလ်-ဟန်ရီ ဆန်ဒိုဂို ဒမ်မီဘာ (Lt. Col. Paul-Henri Sandaogo Damiba ) က နိုင်ငံ၏ သမ္မတသစ်အဖြစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။