ကိုလံဘို၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ကိုလံဘို စားသုံးသူဈေးနှုန်းညွှန်းကိန်းတွင် တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲမှုဖြင့် တိုင်းတာထားသော ငွေကြေးဖောင်းပွမှုမှာ ဧပြီလ၌ ၂၉.၈ ရာခိုင်နှုန်းအထိ တိုးလာကြောင်း ဗဟိုဘဏ်က ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ ငွေကြေးဖောင်းပွမှု တိုးမြင့်လာခြင်းသည် လစဉ် စားသောက်ကုန်နှင့်...
ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရသည် သီရိလင်္ကာနိုင်ငံ၌ လက်ရှိ အခက်အခဲကြုံတွေ့နေမှုများအားဖြေရှင်းနိုင်ရန် အကူအညီအထောက်အပံ့များကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ပင်းက ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် သီရိလင်္ကာနိုင်ငံ၌ စီးပွားရေးအကြပ်အတည်း ကြုံတွေ့နေရသဖြင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ထံ...
ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရက သီရိလင်္ကာနိုင်ငံအား လတ်တလော အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရန် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ဆုံးဖြတ်ထားကြောင်း တရုတ် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ကိုလံဘို ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ နိုင်ငံရေးမတည်ငြိမ်မှု နှင့် ဆိုးရွားသော စီးပွားရေးအကျပ်အတည်းတစ်ခုရင်ဆိုင်ကြုံတွေ့နေရစဉ်အတွင်းမှာပင် ယနေ့(ဧပြီ ၁၈ ရက်) တွင် အစိုးရအဖွဲ့ထဲသို့ ဝန်ကြီးအသစ် ၁၇ ဦး ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်၍ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ အစိုးရက နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) ၏ ချေးငွေများ ရရှိနိုင်မည့် နည်းလမ်းများ ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့အား ဧပြီ ၁၇ ရက်က စေလွှတ်ခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဧပြီ ၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa သည် မည်သို့သော အခြေအနေအောက်တွင်မဆို ရာထူးမှနုတ်ထွက်လိမ့်မဟုတ်ကြောင်း အစိုးရအဖွဲ့အကြီးအကဲ Whip Johnston Fernando က လွှတ်တော်တွင် ဧပြီ ၆ ရက်၌ ပြောကြားခဲ့သည်။ Fernando က နိုင်ငံသား...
ကိုလံဘို၊ ဧပြီ ၆ ရက် (ဆင်ဟွာ) သီရိလင်္ကာသမ္မတ Gotabaya Rajapaksa သည် နိုင်ငံအတွင်း အရေးပေါ်အခြေအနေအား ပြန်လည်ရုပ်သိမ်းကြောင်း ဧပြီ ၅ ရက် ညပိုင်းတွင် အမိန့်ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားခြင်းကို ၂၀၂၂ ခုနှစ် ဧပြီ ၅ ရက် ညဉ့်သန်းခေါင်မှစ၍ ရုတ်သိမ်းလိုက်ကြောင်း အမိန့်ထုတ်ပြန်ချက်အရ...
ကိုလံဘို ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ စီးပွားရေး မတည်ငြိမ်မှု နှင့် လောင်စာဆီပြတ်လပ်မှုဆိုးဆိုးရွားရွားဖြစ်ပွားနေစဉ် ဆန္ဒပြပွဲများအရှိန်မြင့်တက်လာခြင်းကို တုန့်ပြန်သည့်အနေဖြင့် အစိုးရအဖွဲ့ဝန်ကြီးများအားလုံးသည် ၎င်းတို့၏ ရာထူးမှနုတ်ထွက်ကြောင်း နုတ်ထွက်စာများကို ဧပြီ ၃ ရက် ညပိုင်းတွင် တင်သွင်းခဲ့ကြောင်း သိရသည်။ တနင်္ဂနွေနေ့ညပိုင်းတွင် သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် Mahinda Rajapaksa...
ကိုလံဘို၊ ဧပြီ ၃ ရက်(ဆင်ဟွာ) သီရိလင်္ကာသမ္မတ Gotabaya Rajapaksaက ဧပြီ ၁ ရက်မှစပြီး ပြည်သူ့အရေးပေါ်အခြေအနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းနေ့ညပိုင်းတွင် ကြေညာခဲ့သည်။
ကိုလံဘို၊ မတ် ၂၂ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီပြတ်လပ်မှုကြောင့် ဝယ်ယူသူ လူတန်းရှည်ကြီးဖြစ်ပွားမှုအတွင်း အစိုးရပိုင် Ceylon Petroleum ကော်ပိုရေးရှင်းက လည်ပတ်နေသော စက်သုံးဆီအရောင်းဆိုင်များအားလုံးတွင် မတ် ၂၂ ရက်၌ စစ်တပ် တပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားခဲ့ကြောင်း သိရသည်။