Africa & Middle East6 years ago
အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် အီရန်ဗိုလ်ချုပ်ကြီးအတွက် ပြည်သူများ ဝမ်းနည်းပူဆွေး
တီဟီရန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်အနီး၌ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားသည့် အီရန်နိုင်ငံ၏ ထိပ်တန်းစစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Qasem Soleimani အတွက် အီရန်ပြည်သူများက ဝမ်းနည်းပူဆွေးခဲ့ကြပြီး နိုင်ငံမြို့တော် တီဟီရန်မြို့၌ ဖယောင်တိုင်းမီးများ ထွန်းညှိကာ ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။