နယူးဒေလီ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော်နှင့် အနီးဆုံးရပ်ကွက်တစ်ခုရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၌ ကိုဗစ်-၁၉ (COVID-19) ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယင်းကျောင်းအားအနည်းဆုံး သီတင်းပတ်တစ်ပတ်ပိတ်ထားကြောင်း သိရသည်။
နယူးဒေလီ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံလေတပ်(IAF) က ပါကစ္စတန်နိုင်ငံထဲ မရည်ရွယ်ဘဲ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့မိသည့် မတော်တဆမှု ဖြစ်ရပ်အတွက် ၎င်း၏ ဒုံးကျည်တပ်ဖွဲ့မှ တာဝန်ရှိသူများကို ပြစ်တင် ပြောဆိုလိုက်ကြောင်း သိရသည်။ ယင်းမတော်တဆမှုသည် မတ် ၉ ရက်တွင် မရည်ရွယ်ဘဲ BrahMos ဒုံးကျည်တစ်စင်းအား...
ပေကျင်း၊ မတ် ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံက ရုရှာနိုင်ငံထံမှ မီးသင့်ကျောက်မီးသွေး(coking coal)တင်သွင်းမှုပမာဏကို တစ်ဆထပ်တိုး တင်သွင်းသွားမည်ဖြစ်ကြောင်း အိန္ဒိယသံ ၊သံမဏိကဏ္ဍဝန်ကြီးဌာန ဝန်ကြီး Ramchandra Prasad Singh က မတ်၂၇ ရက်တွင် ပြောကြားခဲ့သည်။ Ramchandra Prasad Singh က မြို့တော်နယူးဒေလီရှိ အစည်းအဝေးတစ်ခုတွင်...
နယူးဒေလီ၊ မတ် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် မတ် ၉ ရက်တွင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်နေစဉ် နည်းပညာ ချို့ယွင်းမှုကြောင့် ပါကစ္စတန်နိုင်ငံဘက်ခြမ်းသို့ ဒုံးကျည်တစ်စင်း မတော်တဆ ပစ်လွှတ်ခဲ့မိကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက တရုတ် ကုမ္ပဏီများနှင့် ဆက်စပ်သော App များအား အိန္ဒိယနိုင်ငံက ဖိနှိပ်မှုများနှင့်ပတ်သက်၍ အလွန်ပင် စိုးရိမ်ပူပန်မိကြောင်း၊ ယင်းအပြုအမူများသည် တရုတ်ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများအား ပျက်စီးစေကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့သည်။...
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) အိန္ဒိယရေတပ် (IN) နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) တို့က ပြုလုပ်သည့် ပူးတွဲစစ်ဆင်ရေးတစ်ခုအတွင်း ကမ်းဝေးပင်လယ်ပြင်မှ နိုင်ငံတကာ ဈေးကွက်တွင် အိန္ဒိယ ရူပီး ဘီလီယံ ၂၀ (အမေရိကန်ဒေါ်လာ ၂၆၅ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိခဲ့ကြောင်း...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူဦးရေ ၅၀၀,၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၁၄၉,၃၉၄ ဦးရှိခဲ့သဖြင့် တစ်နိုင်ငံလုံး၌ ဖေဖော်ဝါရီ ၄ ရက်၌ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၁,၉၅၂,၇၁၂ သို့ရောက်ရှိလာြပီဖြစ်ကြောင်း ဖယ်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးဘတ်ဂျက်အား ဖေဖော်ဝါရီ ၁ ရက်က ရူပီး ၅.၂၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ ခန့်) အထိ တိုးမြှင့်ခဲ့ပြီး ယမန်နှစ်ကထက် ၉.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဆယ်စုနှစ် ခုနစ်ခုကျော်မိသားစုနှင့် ခွဲခွာနေရသော အသက် ၇၄ နှစ်အရွယ်ရှိသော အိန္ဒိယအမျိုးသားတစ်ဦးအား ၎င်း၏မိသားစုနှင့် တွေ့ဆုံရန် ပါကစ္စတန်အစိုးရက ဇန်နဝါရီ ၂၈ ရက်တွင် ဗီဇာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ Sika Khan သည် ယခုလအစောပိုင်းက ပါကစ္စတန်အခြေစိုက် Youtube...
နယူးဒေလီ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယတစ်နိုင်ငံလုံး၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၂၈၅,၉၁၄ ဦးရှိခဲ့သဖြင့် အိန္ဒိယ၏ COVID-19 စုစုပေါင်း ကူးစက်ခံရသူအရေအတွက်မှာ ဇန်နဝါရီ ၂၆ ရက်တွင် ၄၀,၀၈၅,၁၁၆ သို့ မြင့်တက်လာခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။ တစ်ချိန်တည်းမှာပင်...