International Organizations5 months ago
ချဲလ်ဆီးတိုက်စစ်မှူး ကိုးလ်ပါလ်မာ အာဆင်နယ်နှင့်ပွဲတွင်ပါဝင်ရန် အသင့်ဖြစ်
လန်ဒန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အာဆင်နယ်အသင်းနှင့် နိုဝင်ဘာ ၃၀ ရက်တွင် စတမ်းဖို့ဒ်ဘရစ်ဂျ်၌ ယှဥ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဥ်တွင် ချဲလ်ဆီးအသင်းတိုက်စစ်မှူးကိုးလ်ပါလ်မာ ပါဝင်ရန်အသင့်အနေအထားဖြစ်ကြောင်း သိရသည်။ အသက် ၂၃ နှစ်အရွယ် ရှေ့တန်းတိုက်စစ်မှူးသည် ယခင်သီတင်းပတ်က တံခါးနှင့်တိုက်မိကာ ခြေချောင်းအရိုးကျိုးခဲ့သည့်အတွက် ဘန်လေအသင်းနှင့်ဘာစီလိုနာ အသင်းတို့နှင့်ပွဲများတွင် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ဘဲ ဖြစ်ခဲ့သည်။...