International Organizations9 months ago
ကမ္ဘာ့ဖလားပြိုင်ပွဲမှ အနားယူမည်ဟု မက်ဆီ အရိပ်အမြွက်ပြောကြား
ဗျူနိုအေးရိစ်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) လီယွန်နယ်မက်ဆီက လာမည့်နှစ်၌ ကျင်းပမည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် နိုင်ငံတကာဘောလုံးလောကအား နှုတ်ဆက်သွားမည်ဖြစ်ကြောင်း ၎င်းက အခိုင်အမာ အရိပ်အမြွက် ပြောကြားလိုက်ကြောင်း သိရသည်။ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ဖိုင်နယ်အဆင့်ပြိုင်ပွဲများ၌ နေရာတစ်နေရာရရန် သေချာနှင့်ပြီးဖြစ်သော အာဂျင်တီးနားနိုင်ငံက...