ဘဂ္ဂဒက်၊ မေ ၇ ရက် (ဆင်ဟွာ) အီရတ်အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး (CTS) အထူးတပ်ဖွဲ့ဝင်များက အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက် အနီးတွင် အစွန်းရောက် အိုင်အက်စ်အဖွဲ့၏ ဒေသခံခေါင်းဆောင် ၃ ဦး အား သတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ်က မေ ၆ ရက် တွင်ပြောသည်။
ဘဂ္ဂဒတ် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့ရှိ ကိုရိုနာဗိုင်းရပ်စ်လူနာကုသပေးသော ဆေးရုံတစ်ရုံတွင် မီးလောင်မှုအကြီးအကျယ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၄ ဦးသေဆုံးပြီး အခြား ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အစိုးရသတင်းအရင်းအမြစ်များက ဆင်ဟွာသို့ ယနေ့ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဘဂ္ဂဒတ်၊မတ် ၂၂ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံအမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့(INIS) မှ အဆင့်မြင့်အရာရှိတစ်ဦးကို ဘဂ္ဂဒတ်မြို့တော်၌ မတ် ၂၁ ရက်တွင် သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့သတင်းအရင်းအမြစ်များက ဆိုသည်။
အစ္စလာမ်မာဘတ် ၊ မတ် ၁၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံက COVID-19 နှင့် ဆက်စပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ ပါဝင်သော အကူအညီပစ္စည်းများကို ကပ်ရောဂါ တိုက်ဖျက်ရေး ကူညီရန် အီရတ်နိုင်ငံသို့ မတ် ၁၃ ရက်တွင် ပေးပို့ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဘဂ္ဂဒက်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ သုံးနှစ်အတွင်း အီရတ်နိုင်ငံမှ ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း အီရတ်နှင့် အမေရိကန်က ဩဂုတ် ၂၀ ရက်က ကြေညာလိုက်ကြောင်း တရားဝင် Iraqi News Agency (INA) က သတင်းဖော်ပြခဲ့သည်။
ဘဂ္ဂဒက်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှု ထိန်းချုပ်ရေးတိုးမြှင့်ရန် တရုတ်နိုင်ငံ၏ ကူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် တတိယအသုတ် ပေးပို့သော ဆေးဘက်ဆိုင်ရာအကူအညီများသည် ဘဂ္ဂဒတ်မြို့သို့ ဧပြီ ၂၀ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒက် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း က အီရတ် နိုင်ငံ အား ကူညီထောက်ပံ့သည့် ဒုတိယ အသုတ် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ သည် ဧပြီလ ၈ ရက် ညပိုင်း အချိန်တွင်...
ဘဂ္ဂဒက်၊ မတ် ၂၆ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး တွင် ကူညီဆောင်ရွက်ရန် စေလွှတ်ထားသည့် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းချုပ်မှ ပညာရှင်အဖွဲ့သည် ဘဂ္ဂဒက်မြို့အရှေ့ပိုင်းရှိ COVID-19 ရောဂါ သီးခြားကုသရေးဆေးရုံတွင် ရောဂါစစ်ဆေးရန်လိုအပ်သော CT ဓါတ်မှန်စမ်းသပ်ခန်း တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘဂ္ဂဒတ်၊ မတ် ၁၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ခံရသူ ၁၅ ဦးသည် ရောဂါမှ ပြန်လည်သက်သာလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၀ ရက်၌ ကြေညာလိုက်သည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၇ရက်(ဆင်ဟွာ) အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးသည် ဇန်နဝါရီ ၂၆ ရက် ညပိုင်းတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရ ကြောင်း အီရတ် ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။