24
Sat, Aug
525 New Articles

ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား အရေအတွက်မှာ ၁,၂ဝ၉ ဦး ရှိပြီ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ နေရပ်စွန်ခွာတိမ်းရှောင်သူများအား ဒီဇင်ဘာ ၂၅ရက်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်တွင် ကျင်းပမည့် ၂၂ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ တွင် ဆုမဲပေါင်း ၁၃၅၄၄၀ ဆု အတွက် ထီဆုငွေ ကျပ်သန်းပေါင်း ၁၂,၅၁၈.၁၅၄ အား ခွဲဝေ ချီးမြှင့်သွားမည် ဖြစ်ကြောင်း အာင်ဘာလေ သိန်းဆု ဌာနခွဲ၏ ထုတ်ပြန် ကြေညာချက် အရ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်၌ ရေကြီးရေ လျှံမှုကြောင့် ပျက်စီးမှုနှင့် လူမှုကာကွယ်စောင့်ရှောက် မှုအတွက် ကျပ် ၁၂၂၃သန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံတွင် ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း တွင် ဖွံ့ဖြိုးမှု နှေးကွေးခြင်းနှင့် မသန်စွမ်းမှု အခြေအနေ များကို တိကျစွာ တိုင်းတာ ဖော်ထုတ်နိုင်ရေးအတွက် ရှေးဦး အရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ ဝန်ဆောင်မှုများ ( Early Childhood Intervention- ECI) ကို တိုင်းဒေသကြီး/ပြည်နယ်(၄)ခုတွင် စတင်စမ်းသပ် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး က ပြောကြားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ ကြိုးတံတား ကျိုးကျပျက်စီးခဲ့မှုကြောင့် ဒေသခံခရီးသွားပြည်သူများ၊ကုန်ကူးသန်းရောင်းဝယ်သွားလာမှု၊ လုပ်ငန်းအစဉ်ပြေချောမွေ့ စွာ သွားလာနိုင်ရေးနှင့်ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး နှင့်တပ်မတော်ရေ မှ ဇက်ကူးတို့ရေယာဉ်များကို အဆိုပါမြောင်းမြ တံတားသစ်စီမံကိန်းပြီးစီးရန် လျာထားသတ်မှတ်ထားသည့် ၂၀၁၉ ခုနှစ် မတ်လ ကုန်ထိတိုင် ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

 

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် အတွက် အမျိုးသား စာပေ တစ်သက်တာဆု ၊ အမျိုးသား စာပေဆု နှင့် စာပေဗိမာန် စာမူ ဆု ချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့ ၊ မြို့ မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက မြန်မာ စာပေ နယ်ပယ်ကြီး ဖွံ့ ဖြိုး တိုးတက်ရေးကို ရည်ကာ မျှော်မှန်းပြီး မြန်မာမှု ၊ မြန်မာ့ ဓလေ့ ၊ မြန်မာ့ အတွေးအမြင်များကို ဖော်ကျူးနိုင်စွမ်း ရှိသည့် စာကောင်း ပေမွန် များကို နိုင်ငံတော် အဆင့် စာပေဆု အဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ ရောက်တိုင်း နှစ်စဉ် ချီးမြှောက် ဂုဏ်ပြုနေခြင်း ဖြစ်ကြောင်း ၊ ယနေ့ ကျင်းပသည့် အခမ်းအနားသည် နိုင်ငံ အတွက် စာကောင်းပေမွန်များ ဖန်တီး ရေးသား ပြုစုပေးခဲ့ကြသည့် ထူးချွန် ထက်မြက်သော စာပေ ပညာရှင်ကြီးများကို နိုင်ငံတော်မှ ဆုချီးမြှင့် ဂုဏ်ပြုသည့် အခမ်းအနား ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျင်းပ ပြုလုပ်သည့် အခမ်းအနားများ ၊ ပြပွဲ ၊ ပြိုင်ပွဲများ ၊ နိုင်ငံတကာ ခရီးသွားပြပွဲ ၊ ပြိုင်ပွဲ များတွင် အသုံးပြုရန် ရန်ကုန်တိုင်းဒေသကြီးကို ကိုယ်စားပြုမည့် လာဘ်ကောင် အရုပ်အဖြစ် ပစ်တိုင်းထောင် အရုပ်ကို ရွေးချယ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၏ ကြေညာမှု အရ သိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ ဖြိုး တိုးတက်မှုပန်းတိုင်သို့  ရောက်ရှိရန် နယ်မြေဒေသအလိုက် လူမှုဘ၀ ဖူလုံမှုအခြေအနေဆိုင်ရာ အခြေခံ အချက်အလက်များကို ပံ့ပိုးပေးနိုင်ရန် အလွန်အရေးကြီး သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက ယနေ့  ပြောကြားခဲ့သည်။ 

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန် ကျေးရွာ လွဲခမ်းတောင်ခြေအနီး ရှေး ဟောင်းတောရကျောင်း တောင်ထိပ်တွင် ပထမဆုံး ကျောက်စိမ်းစေတီ တည်ထားကိုးကွယ်မည်ဖြစ်ကြောင်း သိရသည်။