ရန်ကုန် ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံတကာ အဆင့်မီ ဘောလုံးအားကစားနည်း ဆိုင်ရာ နည်းစနစ်များ၊ နည်းပညာများ ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက် လာစေရန် မြို့နယ်များတွင် ဘောလုံး အဖွဲ့ချုပ်များ ဖွဲ့စည်းရေး အတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ ထံသို့...
ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၂၅ ရက်တွင် တရုတ်နိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က ဇွန်လ ၂၀ ရက်က ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ Sriharikota ကျွန်းပေါ်ရှိ ဂြိုလ်တု လွှတ်တင်ရေး စခန်းမှ ဇွန်လ ၂၂ ရက်တွင် ဂြိုလ်တု အလုံး ၂၀ လွှတ်တင်ခြင်း ပြုလုပ်မည် ဖြစ်ရာ မလွှတ်တင်ခင် ၄၈ နာရီ အကြို ရေတွက်မှုကို ဇွန်လ...
ကဘူးလ် ၊ ဇွန် ၂ဝ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ်မြို့၌ ဇွန်လ ၂ဝ ရက်က ဖြစ်ပွားသည့် အသေခံ ဗုံးခွဲမှုတွင် နီပေါလူမျိုး ၁၄ ဦးသေဆုံးပြီး ကိုးဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုသည်။
ကန်ဘာရာ ၊ ဇွန် ၂ဝ ရက် (ဆင်ဟွာ) သြစတြေးလျ နိုင်ငံမှ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ၎င်းအဖိုးထံမှ ရရှိသော အမွေဆိုင်ငွေများကို တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တွင် အသုံးပြုရန် သြစတြေးလျ တိရစ္ဆာန်ရုံသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့၌ တိုင်းဒေသကြီးနှင့် ပြည်နယ် သမဝါယမ အသင်းချုပ်များကို ချေးငွေကျပ် ၅ဝဝ ဘီလီယံကျော် ထုတ်ချေးမည် ဖြစ်ကြောင်း သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားသည်။
ဝါရှင်တန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ်တွင် ရဲများက အမျိုးသား တစ်ဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မိန်းကလေး ၁၂ ဦးအား တွေ့ရှိခဲ့ပြီးနောက် ယင်း မိန်းကလေးများအနက် ဆယ်ကျော်သက် တစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် အိမ်ရှင် အမျိုးသားအား တရားစွဲဆိုထားကြောင်း...
ချန်ဒူး၊ ဇွန် ၂ဝ ရက် (ဆင်ဟွာ)ပြင်သစ်လူမျိုး ကြိုးတန်းလမ်းလျှောက်သူ လူးကပ်စ် မီလီယတ် သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချန်ဒူးရှိ တောင်ကြား မီတာ ၁ဝဝ အကွာအဝေးကို ၁ မိနစ် ၅၉ စက္ကန့် အကြာ ကြိုးတန်းလမ်းလျှောက်ကာ အမြန်ဆုံး ကြိုးတန်းလမ်းလျှောက်နိုင်သူအဖြစ် ဂင်းနစ်စံချိန်ချိုးနိုင် ခဲ့ကြောင်းသိရသည်။မြေပြင်မှ မီတာ...
ဂျာကာတာ၊ ဇွန် ၂၀ ရက် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျားဗားပြည်နယ်တွင် ရေကြီး၊မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေသည် ဇွန်လ ၂၀ ရက်တွင် ၄၃ဦးအထိ မြင့်တက်လာခဲ့ပြီး အခြား ၁၉ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ မှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ကာကွယ်ရေးကိစ္စရပ်များဆောင်ရွက်နေမှုများအား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီတို့သည် ယနေ့ဇွန် ၂၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။