ဟမ်းဘတ် ၊ ဂျာမနီ ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က အာဖရိကနိုင်ငံများအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလုပ်ဆောင်သွားကြရန် နှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် တိုးမြှင့်ဆောင်ရွက်သွားကြရန် BRICS အဖွဲ့ဝင်နိုင်ငံများအား ယနေ့(ဇူလိုင်လ ၇ ရက်) တွင် တိုက်တွန်းစကားပြောကြားလိုက်သည်။
ဟမ်းဘတ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင်ကျင်းပပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေး သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရောက်ရှိလာခဲ့ရာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် က ကြိုဆို နှုတ်ဆက်ခဲ့သည်။(Xinhua)
ဟမ်းဘတ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ရောက်ရှိလာခဲ့သည်။ ( Xinhua)
ဟမ်းဘတ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင်ကျင်းပပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေး သို့အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်လည်းတက်ရောက်လာခဲ့ပြီး ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် က ကြိုဆို နှုတ်ဆက်ခဲ့သည်။(Xinhua)
ဟမ်းဘတ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) G20 ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဗြိတိန်ဝန်ကြီးချုပ် Theresa May ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ရောက်ရှိလာခဲ့သည်။ ( Xinhua)
ဘာလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်တို့သည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။ သမ္မတရှီက ယခုနှစ်သည် တရုတ်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့သံတမန်ဆက်ဆံရေးထူထောင်လာခဲ့သည်မှာ ၄၅ နှစ် ရှိပြီဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများနှင့်...
ဟန်းဘတ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) G20 ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ပြင်သစ်သမ္မတEmmanuel Macron သည် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ရောက်ရှိလာခဲ့သည်။ ( Xinhua)
ပေကျင်း၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) COWAROBT ဟုအမည်ရသည့် စက်ရုပ်အမျိုးအစား ခရီးဆောင်အိတ်တစ်မျိုးမှာ အိတ်ပိုင်ရှင်မှ သယ်ဆောင်သွားစရာမလိုဘဲ အလိုအလျောက် လိုက်ပါနိုင်သည်။ ၎င်းမှာ ပိုင်ရှင်၏ တည်နေရာကို လည်းတိကျစွာ မှတ်သားနိုင်သည့်အပြင် လမ်းတစ်လျှောက်ရှိ အတားအဆီးများကိုပါ ကျော်လွှားသွားနိုင်ကြောင်းသိရသည်။ (Xinhua)
ဘာလင်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်၏ ဥရောပနိုင်ငံများခရီးစဉ်အတွင်း ဇူလိုင်လ ၄ ရက်နေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ရောက်ရှိခဲ့ကြောင်းသိရသည်။ ဂျာမနီနိုင်ငံက ၎င်းတို့နိုင်ငံ၏ လေပိုင်နက်သို့ရောက်ရှိလာသော သမ္မတရှီ၏ အထူးလေယာဉ်အား တိုက်လေယာဉ်များ အစောင့်လိုက်ခြံရံကာကြိုဆိုခဲ့သည်။(Xinhua)
ဆန်ဖရန်စစ်စကို၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) အမေရိကန် ဆော့ဖ်ဝဲလ် ကုမ္ပဏီတစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း က ဇူလိုင် ၆ ရက် တွင် ဝန်ထမ်းများထံ အလုပ်လျှော့ချသည့် သတိပေးစာများ စတင်ပေးပို့ခဲ့ပြီး သတိပေးစာပေးပို့ခံရသူများအနက် အရေအတွက် ထောင်ချီသော ဝန်ထမ်းများမှာ အရောင်း နှင့် ဈေးကွက်ရှာဖွေရေးဋ္ဌာန မှ...