မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ တောင်ပိုင်း Guerrero ပြည်နယ် လုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူ က Guerrero ပြည်နယ် Acapulco မြို့ရှိ အကျဉ်းထောင် တစ်ခု ၌ ထောင်ဆူမှု ဖြစ်ပွား ခဲ့ပြီး ၂၈ ဦး...
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ လွယ်ခန်ကျေးရွာတွင် ငွေကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း၊ ကျန်စစ်သားလမ်းနှင့်ဗညားဒလလမ်းထောင့်ရှိ နေအိမ်အား သွားရောက်စစ်ဆေးရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၂၆၄၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၆၃,၂၀၀ ခန့်) နှင့် မီးခံသေတ္တာအတွင်းမှ မြန်မာငွေကျပ် သိန်း ၃၆၀၊ အလေးချိန် ၁၀...
ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီး ချင်းတွင်းမြစ်ရေ အဆမတန် မြင့်တက်လာမှုကြောင့် နန်ခါချောင်း ရေ မြင့်တက်လာသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင် လေရှီးမြို့နယ် မိုပိုင်းလွတ် မြို့ အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားပြီး နေအိမ်များ နစ်မြုပ်လျက်ရှိကြောင်း...
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၇ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယသမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟမ်းဘတ် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇူလိုင်လ ၆ ရက်နေ့တွင် ဟမ်းဘတ်မြို့၌ ဟမ်းဘတ်မြို့တော်ဝန် Olaf Scholz နှင့် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး သုံးဦးကို နိုင်ငံတော် သမ္မတဦးထင်ကျော်က ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) နော်ဝေနိုင်ငံတွင် ရောက်ရှိနေသည့် ကုန်းဘောင်ခေတ် နှောင်းပိုင်း လက်ရာ မြန်မာ့ ရှေးဟောင်း ဗုဒ္ဓ ဆင်းတုတော် ၁ ဆူအား နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Borge Brenda က သာသနာရေး နှင့်...
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ယခု ၂ဝဝ၇–၂ဝ၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ် ၃၈ဝနှင့်အထက် ရရှိသူများအနေဖြင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၏ ထုတ်ပြန်ချက် သတင်းများအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက် အတွင်းတင်သွင်း ခြင်းမရှိသည့် လွှတ်တော် ကိုယ်စားလှယ် လောင်းတို့အား အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။