မနီလာ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် ယနေ့ (ဇူလိုင်လ ၆ ရက်) ပြင်းအား ၆.၅ အင်အားရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင် အသင်းက ပြောကြားခဲ့သည်။
ဘာလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်တို့သည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။ သမ္မတရှီက ယခုနှစ်သည် တရုတ်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့သံတမန်ဆက်ဆံရေးထူထောင်လာခဲ့သည်မှာ ၄၅ နှစ် ရှိပြီဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများနှင့်...
ဘာလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချန်ဒူး ပန်ဒါမွေးမြူရေးစင်တာမှ အသက် ၄ နှစ်အရွယ် ပန်ဒါလေး Meng Meng နှင့် အသက် ၇ နှစ်အရွယ် ပန်ဒါလေး Jiao Qing တို့ သည် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ပန်ဒါဥယျာဉ်...
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်နေသည့်အတွက် ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်နှင့် မင်းကင်းမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြမ်းဖက်မှု နှိမ်နှင်းရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရေးကို အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိစဉ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးဒေလီ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အတ်တာပရာဒတ်ရှ်ပြည်နယ်တွင် ယနေ့ (ဇူလိုင်လ ၆ ရက်) တွင် လမ်းမတော်တဆမှု နှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) မြန်မာ-နော်ဝေ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မည့် ငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်သည် နှစ်စဉ်မိုးရာသီတွင် မြစ်ရေကြီးမြင့်မှုကြောင့် ချင်းတွင်းမြစ်ဖြတ်သန်းစီးတင်းရာ မြို့နယ်များ တွင်ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ မုံရွာမြို့နယ်အတွင်း ယခုနှစ်မိုးရာသီမြစ်ရေကြီး မြင့်မှုကိုရေကင်း (၂၄)ခုဖြင့်စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှသိရသည်။
နေပြည်တော်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Børge Brende နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၀၉ း ၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင်...
နယူးယောက်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ မြောက်ဘက်စွန်း ရှိ Bronx မြို့ တွင် ဇူလိုင် ၅ ရက် အစောပိုင်းက တာဝန်ကျ ရဲအရာရှိ အမျိုးသမီးတစ်ဦး သည် ကားအတွင်း၌ ထိုင်နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သိရသည်။