မက္ကဆီကိုစီးတီး ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) မက်စီကို နိုင်ငံ Chihuahua ပြည်နယ် လုံခြုံရေး ကော်မတီ က ဒေသတွင်း ရဲတပ်ဖွဲ့ နှင့် ဒုစရိုက် အဖွဲ့အစည်း တို့ အကြား ကြီးမားသည့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ၁၄ ဦး...
ရန်ကုန်၊ဇူလိုင် ၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကြား၌ သွားလာရေးကြန့်ကြာမှုများ မကြာခဏဖြစ်ပွားနေသောကြောင့် ဂုတ်တွင်းလမ်းပိုင်းတွင် လေးလမ်းသွားတံတားတစ်စင်း တည်ဆောက်ရန် အစိုးရထံ တင်ပြထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မော်စကို ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန က ဇူလိုင်လ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဗီဒီယို ဖိုင်တစ်ခုတွင် ရုရှား နိုင်ငံ မှ Tu-95 MS မဟာဗျူဟာ ဗုံးကြဲလေယာဉ် သည် ခရုဇ် ဒုံးကျည်ဖြင့်...
ဘာလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေး ကျင်းပနေစဉ်အတွင်း ဆန္ဒပြသူများ၏ အကြမ်းဖက် တိုက်ခိုက်မှုများမှ ကာကွယ်ရန် သတိပေးချက် ထုတ်ပြန်ထားပြီး စစ်တပ်အား လုံခြုံရေးချထားကြောင်း ဇူလိုင်လ ၅ ရက်တွင် Spiegel သတင်းစာက ရေးသားထားသည်။
ဂျာကာတာ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Papua ပြည်နယ်တွင် ဇူလိုင် ၅ ရက် က လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူ၅ဦးစလုံးသေဆုံးသွားခဲ့ကြောင်း အမျိုးသား ရှာဖွေကယ်ဆယ်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇူလိုင် ၆ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တတိယအကြိမ်မြောက် မြန်မာ-မလေးရှားနှစ်နိုင်ငံ ရေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (3rd Myanmar-Malaysia Navy to Navy Talks) တွင် နှစ်နိုင်ငံရေတပ်ချင်း သဘောတူညီမှုများ လက်မှတ်ရေးထိုးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘာလင် ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျာမနီ နိုင်ငံ သမ္မတ စတိန်းမီးယား တို့သည် ဇူလိုင် ၅ ရက်နေ့၌ ဂျာမနီ နိုင်ငံ ဘာလင်မြို့ တွင် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ခေါင်းဆောင်တို့...
ရန်ကုန် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်အစိုးရ နှင့် မော်ရိုကို အစိုးရ တို့ အကြား သံတမန်နှင့် အထူး/ဝန်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့ နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းပေါင်း ၁၂၇ သင်းကို တရုတ်နိုင်ငံ Exim Bank ပံ့ပိုးချေး ငွေကျပ်သိန်းပေါင်း ၄၁,၈၆၅ သိန်းကျော် ထုတ်ချေး လျက်ရှိကြောင်း သိရသည်။
ဘာလင် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့သည် ဇူလိုင်လ ၅ ရက်တွင် နှစ်နိုင်ငံ လူငယ်လူရွယ်များအကြား ချစ်ကြည်ရင်းနှီးမှုကို တွန်းအားပေးမြှင့်တင်ရန် ရည်ရွယ်ပြုလုပ်သည့် တရုတ်လူငယ်အသင်း နှင့် ဂျာမနီလူငယ်အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပွဲစဉ်သို့အတူတကွတက်ရောက် အားပေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။