နေပြည်တော်၊ မေ ၈ ရက် (ဆင်ဟွာ) မြန်မာ့ ကြက်ခြေနီ အသင်း၏ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုများကို ယခုထက် ပိုမို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းကြရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ကမ္ဘာ့ ကြက်ခြေနီနေ့တွင် ပြောကြားခဲ့သည်။
တိုကျို၊ မေ ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဖူကူအိုကာ စီရင်စု၊ ကီတာကျူရှုမြို့ရှိ တိုက်ခန်းတွဲ တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ မီဒီယာက မေလ ၈ ရက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မေလဒုတိယ(၁၀)ရက်ပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ပြီး ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း၊၎င်းသည် ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ ရွေးကောက်ခံသမ္မတ အီမာနျူရယ်လ် မက်ခရွန်း ( Emmanuel Macron) ထံ ယနေ့( မေလ ၈ ရက်)တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း သိရသည်။
ABOARD SHIP XIANGYANGHONG 09 ၊ မေ ၈ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်တွင် နောက်ကျိနေသော ပင်လယ်ရေစီးကြောင်းအောက် စူးစမ်းလေ့လာမှုများပြုလုပ်ပေးမည့် တရုတ်နိုင်ငံ၏ လူလိုက်ပါစီးနင်းနိုင်သည့် ရေငုပ်သင်္ဘောငယ် Jiaolong ကို မေလ ၆ ရက်က ရေချခဲ့ကြောင်း သိရသည်။
ပါရီ၊ မေ ၈ ရက် (ဆင်ဟွာ) မေလ ၇ ရက်တွင် ပြုလုပ်ခဲ့သော ပြင်သစ်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ ဆန္ဒမဲပေးမှု တွင် အလယ်အလတ်ဝါဒီ အီမာနျူရယ်လ် မက်ခရွန်း က ၎င်း၏ ပြိုင်ဘက် လက်ယာစွန်း ဝါဒီ မရင်း လီပန်း ကို မဲအပြတ်အသတ်ဖြင့်...
ပီကင်း၊ မေ ၇ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းဋ္ဌာန၏ စက်ရုပ်သတင်းထောက် Inspire က မေ ၄ရက် လှုပ်ရှားမှု (၉၈) နှစ်ပြည့်မြောက်သည့် အခမ်းအနား နှင့် ပီကင်းတက္ကသိုလ်တည်ထောင်ခြင်းနှစ်ပတ်လည်အခမ်းအနားအဖြစ် ပီကင်းတက္ကသိုလ်သို့သွားရောက်ကာ မေးခွန်းများမေးမြန်းခဲ့ပါသည်။ စက်ရုပ်သတင်းထောက်ကလေး Inspire က ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံကာ ယနေ့ခေတ်တရုတ်လူငယ်တွေ အပေါ် အမြင်များ...
စီချွမ်၊ မေ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ချန်ဒူးပန်ဒါများ မွေးမြူစောင့်ရှောက်ရေးနှင့် သုတေသနစင်တာတွင် Qianqian အမည်ရ အသက် ၃ နှစ်အရွယ်ပန်ဒါလေးတစ်ကောင် အား ၂ နှစ်ခန့်အချိန်ယူကာ အစားအစာများ နှင့် သောက်သုံးရေကို ကိုယ်တိုင်ရှာဖွေစားသောက်နိုင် ရန်နှင့် အန္တရာယ်ကိုလည်းရှောင်ရှားနိုင်ရန် တောတောင်ရေမြေ...
ပါရီ၊ မေ ၇ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေကြသည့် အလယ်အလတ် ဝါဒီ အီမာနျူရယ်လ် မက်ခရွန်း နှင့် လက်ယာစွန်း ဝါဒီ မရင်း လီပန်းတို့အား နောက်ဆုံး အဆုံးအဖြတ်ပေးမည့် သမ္မတရွေးကောက်ပွဲ ဆန္ဒမဲပေးမှုအတွက် မဲရုံများကို ပြင်သစ်နိုင်ငံတွင် မေ ၇ ရက်က...
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) မေလ ၇ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ဆောင်းပြောင်း နှင့် နောင်ဝိုးကြား ရထားလမ်းခွဲတွင် ကား နှင့်ရထားတိုက်မိရာ ကားပေါ်တွင် ပါလာသူတချို့ ဒဏ်ရာရရှိခဲ့ကြောင်း ပင်လောင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ဆင်ဟွာသို့...