ရန်ကုန် ၊ မေ ၇ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး နှင့် ပဲခူး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ် ၊ အဆောက်အအုံ ပြိုကျ ပျက်စီးမှုများ နှင့် ထိခိုက် သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ...
ခတ္တမန္ဒူ၊ မေ ၇ ရက် (ဆင်ဟွာ) ကမ္ဘာအသက်အကြီးဆုံး ကိုမိုလန်မာ (Qomolangma) တောင်တက်သမားဘွဲ့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့သော နီပေါနိုင်ငံမှ အသက် ၈၆နှစ်အရွယ် Min Bahadur Sherchan အမည်ရှိ တောင်တက်သမားသည် မေလ ၆ရက် ညနေပိုင်းတွင် တောင်ခြေစခန်း၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) e-Government လုပ်ငန်းများ အတွက် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့ဘဏ် နှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အရူရှာ၊ မေ ၇ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ တွင် မေ ၆ ရက် က ကျောင်းကားတစ်စီး တောင်ကြားထဲသို့ ထိုးကျခဲ့ရာ ကျောင်းသားများ နှင့် ဆရာ ၃ဦး အပါအဝင် လူ ၃၁ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၇ ရက်(ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ သတင်း ထုတ်ပြန် ခဲ့သည်။
ကွေ့ကျိုး၊ မေ ၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံတောင်ပိုင်း တောင်တန်းဒေသများတွင်နေထိုင်သည့် မြောင်တိုင်းရင်းသားလူမျိုးတစ်ဦးက ဖန်ပုလင်းကွဲများပေါ်တွင် ခြေဗလာဖြင့် နင်းခြေပြသည့် ပြကွက် ကို ဆင်ဟွာမှ ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့သည်။ ခြေထောက်တွင် မည်သည့် အကာအရံမှ ဝတ်ဆင်ထားခြင်းမရှိဘဲ ဖန်ပုလင်းကွဲများအားနင်းလျှောက်ပြခြင်းကို မြင်တွေ့ရသူများက အလွန် အသည်းယား ဖွယ်ကောင်းလှပြီး အထူးလေ့ကျင့်ထားသည့်...
ရန်ကုန် ၊ မေ ၆ ရက် (ဆင်ဟွာ) HUAWEI စမတ်ဖုန်း အသစ် P 10 နှင့် P 10 Plus မိတ်ဆက်ခြင်း အခမ်းအနား ကို မေလ ၅ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်...
ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂ဝ၁၇ခုနှစ် ဧပြီလတစ်လတာကာလအတွင်းကမ္ဘာလှည့် ခရီးသွားဧည့်သည် ၄ဝ,၇၈၉ ဦး လာရောက်ဖူးမြော်ခဲ့ကြသည့်အတွက် ၂၀၁၆ ခုနှစ် ဧပြီလ နှင့်ယှဉ်ပါက ၈၀၀၀ ကျော် ပိုမိုလာရောက် ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။
နယူးဒေလီ၊ မေ ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ အစိုးရ စာသင်ကျောင်းအနီး ဝန်းကျင်တွင် မေလ ၆ ရက်က ရပ်ထားသော ကွန်တိန်နာကား တစ်စီးမှ ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ကျောင်းသား ၂၀၀ ခန့် ဆေးရုံရောက်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဝါရှင်တန်၊ မေ ၆ ရက် (ဆင်ဟွာ) အိမ်ဖြူတော်တွင် ဧည့်ကြိုအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပထမဆုံး အမျိုးသမီးလည်းဖြစ်၊ ယင်း ရာထူးအတွက် တာဝန်ယူထားသော ဒုတိယမြောက် အာဖရိကန်-အမေရိကန် လူမျိုးလည်း ဖြစ်သူ Angella Reid ကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Sarah Huckabee...