ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်းသည့် အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားနေကြရသူများထံ သဘာဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်၍ ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားပြီး လမ်းများ ပိတ်ထားရသဖြင့် Myanmar National Airline မှ ရန်ကုန်- မော်လမြိုင်- ရန်ကုန် လေကြောင်း ခရီးစဉ် ပြေးဆွဲပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ...
နယူးယောက်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်က မန်ဟတ်တန်ရှိ ထရမ့်တာဝါတွင် တွေ့ရှိခဲ့သော သံသယဖြစ်ဖွယ် အထုပ်များကို နယူးယောက် ရဲဌာန (NYPD) က စုံစမ်းစစ်ဆေး နေကြောင်း သိရသည်။
နယူးဒေလီ ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးရေကြီးခြင်းကြောင့် သေဆုံးသူ ၂၇ ဦးရှိပြီး ဒဏ်ရာရသူ ၁၂ ဦးရှိကြောင်း ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ပေါ့တ်လူးဝစ်္စ ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇူလိုင်လ ၂၇ ရက်တွင် မောရစ်သျှသမ္မတ နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်ထိ မြင့်တက်လာသောကြောင့်ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး ယာယီပိတ်ထားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့၌ ဇူလိုင် ၂၇ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုပြီး လမ်းလုပ်သားသုံးဦး မြေပိပျောက်ဆုံးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် မဒေါက်မြို့စစ်တောင်းမြစ်ရေသည် ဆက်လက်မြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ရေမြုပ်နေအိမ် ၂၀၀ ကျော်ထိ တိုးလာပြီး ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေး စခန်းများသို့ပြောင်းရွှေ့ ပေးထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။