ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အား ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးသတင်းထုတ်ပြန်ချက်အမှတ် ၈ / ၂၀၁၈ ဖြင့် ယနေ့ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၃၀ရက် (ဆင်ဟွာ) စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊သံလွင်မြစ်၊ ငဝန်မြစ်၊ ဘီးလင်းမြစ် တို့ ၏ စိုးရိမ်ရေမှတ် ၌တည်ရှိနေမှု အခြေအနေအား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ကွမ်ကျိုး၊ ဇူလိုင် ၃ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ၂ဝ၁၈ နိုင်ငံတကာ စစ်ရေးပြိုင်ပွဲ ရေကြောင်းတိုက်ခိုက်မှုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ဇူလိုင်လ ၂၉ ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါ ရေကြောင်းတိုက်ခိုက်မှုပြိုင်ပွဲကို အီရန်၊ ရုရှား၊ ဆူဒန်၊ ဗင်နီဇွဲလားနှင့် တရုတ် နိုင်ငံတို့မှ ကြည်းရေလေ တပ်ဖွဲ့ဝင်ပေါင်း...
မွမ်ဘိုင်း၊ ဇူလိုင် ၃ဝ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ မြို့တော်မွမ်ဘိုင်းတွင် ၃၃.၅ ကီလိုမီတာ အရှည်ရှိသည့် မြေအောက်ရထားလမ်းကို တရုတ်နိုင်ငံ Shanghai Tunnel Engineering Company က တည်ဆောက်လျက်ရှိသည်။ ထိုရထားလမ်းမှာ အိန္ဒိယနိုင်ငံ၏ လူသိများပြီး ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရာနေရာ ဖြစ်သည့် ကိုလာဘာနှင့် အထူးစီးပွားရေးဇုန် SEEPZ...
နေပြည်တော်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်အတွက် အသုံးပြုရန် Cyclone Shelter ၅၄ လုံး ဆောက်လုပ်လျက် ရှိရာ ၂၂ လုံး ပြီးစီးနေပြီး ကျန် ၂၈ လုံးတို့ကိုလည်း ဆက်လက် ဆောက်လုပ် လျက် ၇ှိကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး...
ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ယာယီပိတ်ထားခဲ့ရသော ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး(ဘီးလင်းလမ်းပိုင်း)ကို ယနေ့(ဇူလိုင် ၃၀ရက်) နေ့လည် ၂နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျာကာတာ ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Lombokကျွန်းတွင် ဇူလိုင်လ ၂၉ ရက်က လှုပ်ခတ်ခဲ့သည့်မြေငလျင်ကြောင့် တောင်ပြိုမှုဖြစ်ပွားရာ ရာနှင့်ချီသော တောင်တက်သမားများ ပိတ်မိနေကြောင်း Rinjani မီးတောင် ဥယျာဉ် စီမံ ခန့်ခွဲရေးဌာနက ဇူလိုင်လ ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ကော့သောင်းမြို့တွင် မိုးသည်းထန်းစွာ အဆက်မပြတ်ရွာသွန်းသဖြင့် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်က ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ၊ စွယ်တော်လမ်း၊ ရှင်ကြီးမော်ပိုင်းတွင် တောင်စောင်းများပေါ်မှ မြေပြို မှုဖြစ်ပွားခဲ့ရာ တောင်ခြေရှိ နေအိမ်များပြိုပျက်ခဲ့ရပြီး လူများထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာ...
ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်၌ ဇူလိုင်လ ၂၉ ရက်နေ့က ဆီဘောက်ဆာယာဉ် နှစ်စီး မီးလောင်၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စက်လှေဖြင့်သွားလာနေစဉ် စက်လှေ နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။