ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် ည ၇ နာရီချိန်ထိ သေဆုံးသူ ၂၂ဦးထိ ရှိလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ သြဂုတ်လ ၈ ရက်တွင် စိတ်ကြွဆေးပြား ၂သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် လူ ၁၀ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အန်ကာရာ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ နယ်စပ်အနီး တူရကီနိုင်ငံ တောင်ဘက် ဟာတေပြည်နယ် ရေဟန်လီခရိုင်ရှိ ခဲယမ်းမီးကျောက်သိုလှောင်ရုံတစ်ခုတွင် သြဂုတ် ၉ ရက် နံနက်အစောပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ လူသေဆုံးမှုသတင်းများ မရှိသေးကြောင်း NTV သတင်းများအရ သိရသည်။
လန်ဒန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Euston ဘူတာရုံတွင် သြဂုတ် ၈ ရက်က အချက်ပြစနစ် ချို့ယွင်းမှုကြောင့် ဘူတာအဝင်၊ အထွက် လုပ်ငန်းများအားလုံး ဆိုင်းငံ့ထားသဖြင့် ခရီးသည်များစွာ သောင်တင်လျက်ရှိကြောင်း သိရသည်။
နန်ကျင်း ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) စမ်းသပ် ပျံသန်းမှုပေါင်းများစွာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်သော C919 ဂျမ်ဘိုဂျက်လေယာဉ်ကို လာမည့် ၂ဝ၂၁ ခုနှစ်တွင် နိုင်ငံ၏ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ပျံသန်းခွင့်လက်မှတ်ရရှိရန် စီစဉ်ထားကြောင်း C919 ဒီဇိုင်းအကြီးအကဲ Wu Guanghui ၏ပြောကြားချက်အရ သိရသည်။...
ဖူကျန့်၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) Yuanhai ကွန်တိန်နာဆိပ်ကမ်း သည် တရုတ်နိုင်ငံ၏ ပထမဆုံးအလုံးစုံ အလိုအလျောက်လုပ်ငန်းဆောင်ရွက်သည့် ကွန်တိန်နာတင်ဆိပ်ကမ်းဖြစ်ပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် တွင်တည်ရှိသည်။ ၎င်းဆိပ်ကမ်းမှာ ၂ဝ၁၆ ခုနှစ် မတ်လတွင် စတင်လုပ်ငန်းလည်ပတ်ခဲ့ပြီး လုပ်ငန်းတစ်ခုလုံးကို စက်ကိရိယာများဖြင့် လည်ပတ် မောင်းနှင်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)
ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် နွေရာသီ စခန်း တွင် ပါဝင်ဆင်နွှဲ ခဲ့သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ အား ကြိုဆိုသည့် အခမ်းအနား နှင့် တရုတ် နိုင်ငံ သို့...
နေပြည်တော်၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏အစီရင်ခံစာအား ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။
ယောင်အွန်ဒီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ၏ တောင်ထူထပ်သော Adamawa ဒေသရှိ မေဂါနာမြို့ရှိ အကျဉ်းထောင်တစ်ခုတွင် သြဂုတ်လ ၈ ရက် နံနက်အစောပိုင်းက အကျဉ်းသား ၂၂ ဦးထက်မနည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။