ပဲရစ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ဇူလိုင်လ ၂၈ ရက်ညနေပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။
ချုံကျင်း၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းပြည်နယ်သည်လာမည့် သြဂုတ်လ ကုန်ပိုင်းတွင် 5 G ကွန်ရက် နည်းပညာဖြင့် အဝေးထိန်းစနစ်သုံး မော်တော်ကား မောင်းနှင်မှု ရှေ့ပြေးစီမံကိန်းနယ်မြေ ဖြစ်လာတော့မည်ဖြစ်သည်။ 5G နည်းပညာသည် မိုင်ထောင်ချီအကွာအဝေးရှိ မော်တော်ကားများကို ထိန်းချုပ်မောင်းနှင်နိုင်အောင် ဖန်တီးပေးထားကာ ရှေ့ပြေးစီမံကိန်းနယ်မြေအတွင်း (L4)...
ကျိလင်၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ထုတ်လုပ်သည့် ပေါက်ကွဲမှုဒါဏ် ခံနိုင်သော မြန်နှုန်းမြင့်ရထားကို အစ္စရေးနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်၌ စတင်အသုံးပြုတော့မည်ဖြစ်ကြောင်းသိရသည်။ အစ္စရေးနိုင်ငံ ၏ မြို့တော် တဲလ်အဗစ် တွင် အသုံးပြုမည့် အဆိုပါ ရထားကို လက်ရှိတွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် Changchun...
တီဟီရန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အီရန် နိုင်ငံက လိုအပ်လာလျှင် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုများ လုပ်ဆောင်လိမ့်မည်ဟု အီရန် စစ်ဘက် အရင်းအမြစ်က နိုင်ငံပိုင် IRNA သတင်းအေဂျင်စီသို့ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
မက္ကဆီကို စီတီး၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်မှ မှောင်ခိုတင်သွင်းလာသည့် သေနတ်များကြောင့် မက္ကဆီကိုနိုင်ငံတွင် အုပ်စုလိုက် ပြစ်မှုကျူးလွန်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရအနေဖြင့် သေနတ်မှောင်ခိုနှိမ်နှင်းမှုကို ဦးစားပေးမူဝါဒတစ်ခု အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ လွန်ခဲ့သောရက်များက ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။
မော်စကို ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့လယ်ခေါင်၌ ဇူလိုင် ၂၇ ရက်တွင် လူတစ်စုက ခွင့်ပြုချက်မဲ့ စုဝေးလှုပ်ရှားမှု ပြုလုပ်ခဲ့ရာ ယင်းလှုပ်ရှားမှုတွင် ပါဝင်သူ လူပေါင်း ၂၉၅ ဦးအား အများပြည်သူအား နှောက်ယှက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မော်စကိုမြို့ပြည်ထဲရေးဌာနက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။
ရန်ကုန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူ အုပ်စု ကရင်ချောင် ကျေးရွာ အနီး၌ ယနေ့နံနက် ၂ နာရီခန့်တွင် ကျောက်စိမ်း လုပ်ကွက် ကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့ရာ ကုမ္ပဏီ ဝန်ထမ်း နှင့် လုံခြုံရေး...
ရာဘတ်၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံ မြောက်ပိုင်း တန်ဂျီးယားမြို့အနီးတွင် IS အစွန်းရောက်အဖွဲ့နှင့်ဆက်စပ်သူ ၅ ဦးကို ဇူလိုင် ၂၇ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက ယင်းနေ့တွင် သတင်း ထုတ်ပြန် ခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် ရှစ်ခုတွင် ဇူလိုင် ၂၇ ရက် အထိ ရာသီ တုပ်ကွေး ရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူ ဦးရေမှာ ၇၈ ဦး ရှိလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး...
စင်ကာပူ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နှင့် စင်ကာပူလက်နက်ကိုင်တပ်ဖွဲ့တို့ပူးပေါင်း၍ စင်ကာပူနိုင်ငံ ဂျူရွန်း(Jurong) အခြေစိုက်စခန်းတွင် မြို့ပြဒေသ ဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး နှစ်နိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။